
မင်းဘူး ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နွေစပါး ၂၈၀၅ ဧက၊ နွေနှမ်းနှင့် အခြားသီးနှံ ၂၁၀၇၄ ဧက လျာထားစိုက်ပျိုး မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုး ရေး ဦးစီးဌာနမှ သိရသည်။
နွေသီးနှံများ စိုက်ပျိုးရာတွင် စပါးအတွက် ရေပေးဝေမှုများမှာ အိုင်းမဆည်မှ ဧက ၂၅၀၀၊ မဲဇလီ ဆည်မှ ဧက ၁၀၀၊ ကန်းနီမြစ်ရေ တင်စီမံကိန်းမှ ဧက ၁၀၀၊ မြေ အောက်ရေ တူးဖော်ပေးဝေခြင်းမှ ၁၀၅ ဧက လျာထားပြီး စိုက်ပျိုး မည်ဖြစ်ကြောင်း၊ နွေနှမ်းနှင့် အခြားသီးနှံများအတွက် အိုင်းမ ဆည်မှ ဧက ၁၅၀၀၀၊ မြေအောက် ရေ တူးဖော်ပေးဝေခြင်းမှ ၄၄၀၃ ဧက၊ ရေစုပ်စက်ဖြင့် မြစ်များ၊ ချောင်းများမှ စုပ်တင်ပေးဝေခြင်း ဧက ၄၀၀၊ ကန်းနီမြစ်ရေတင် စီမံကိန်းမှ ဧက ၄၅၀၊ ကျောက်စံ မြစ်ရေတင်စီမံ ကိန်းမှ ဧက ၄၀၀ လျာထားပြီး နွေနှမ်းနှင့် အခြား သီးနှံ ၂၁၀၇၄ ဧက စိုက်ပျိုးမည် ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ စိုက်ပျိုးရေများပေးဝေ မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မင်းဘူး(စကု)မြို့နယ်အတွင်းမှာ အခုနှစ် မိုးစပါး ၄၀၀၄၄ ဧက စိုက်ပျိုးထားပါတယ်။ လျာထားချက်ပြည့်မီရေး၊ မျိုးစေ့ တွေ မျိုးကောင်းမျိုးသန့်ဖြစ်စေ ရေး၊ စိုက်ပျိုးတဲ့နည်းစနစ် မှန်ကန် ရေး၊ သွင်းအားစုအလုံအလောက် ရရှိရေး၊ ပိုးမွှားရောဂါကာကွယ် ရေး လုပ်ငန်းတွေကို ကျွန်တော် တို့ ဝန်ထမ်းတွေက စိုက်ခင်းထဲ အရောက် အသိပညာပေးပြီး လုပ်ဆောင်ပေးနေပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန လ/ထ ဦးစီးမှူးဦးမြင့်ဦးက ပြော သည်။
ဇေယျာထက် (မင်းဘူး)