ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း မီတာ ၄၀၀ ပြေးလမ်းဖွင့်ပွဲနှင့် GYM ခန်းမ RCC နှစ်ထပ်အဆောက်အအုံ ပန္နက်တင်ပွဲကျင်းပ

 

ပုသိမ်   ဇန်နဝါရီ    ၅


(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကိုးသိန်းအားကစားကွင်း မီတာ (၄၀၀) Synthetic ပြေးလမ်းခင်းခြင်းဖွင့်ပွဲကို ဇန်နဝါရီ ၄ ရက်က အဆိုပါ အားကစားကွင်းထိပ်၌ ကျင်းပရာ   ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက် အမှာစကား ပြောကြားသည်။   

 


ထို့နောက် ပြေးလမ်းကို  တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ လုံခြုံရေးနှင့်  နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး  ကျော်စွာလှိုင်နှင့် စီးပွားရေးရာဝန်ကြီး ဦးတင်အေးတို့ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အားကစား ကွင်းအတွင်း        အသစ်တည်ဆောက်ထားသည့် ပြေးလမ်းကို လှည့်လည်ကြည့်ရှုသည်။ 

 


အဆိုပါပြေးလမ်းကို ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၉၄၀ ဒသမ ၅ သန်း အကုန်အကျခံကာ    ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် အဆိုပါအားကစားကွင်းအတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမခြောက်လဘတ်ဂျက် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏  ငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် တင်ဒါအောင်မြင်သည့် ကောင်းကျော်ကြား ကုမ္ပဏီက တာဝန်ယူတည်ဆောက်မည့် (၅၀x ၃၂) ပေ GYM ခန်းမ  RCC နှစ်ထပ်ဆောက်လုပ်မည့် အဆောက်အအုံကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်      တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် ပန္နက် တင် ဆောင်ရွက်ပေးသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည့်  တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ၂၆ မြို့နယ် အသက် ၂၅  နှစ်အောက်  ပြေးခုန်ပစ်ပြိုင်ပွဲ    ဗိုလ်လုပွဲများနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကြည့်ရှုအားပေးပြီး    ဆုများ ချီးမြှင့်ကြောင်း သိရသည်။


ကိုတွတ်(ပြန်/ဆက်)