ဇေယျာသီရိမြို့နယ်၌ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းနည်းပညာသင်တန်းဖွင့်

 

နေပြည်တော်   ဇန်နဝါရီ   ၅


သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေး ၀န်ကြီးဌာန   အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ပို့ချသည့်    အခြေခံ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နည်း ပညာသင်တန်းဖွင့်ပွဲကို  နေပြည်တော် ဇေယျာသီရိမြို့နယ်    ဝန်ပြန်ကျေးရွာ နေမျိုးနွယ်ပရိယတ္တိစာသင်တိုက် ဝဲကြီး ကျောင်း၌ ယနေ့ နံနက် ၁၀  နာရီက ကျင်းပ သည်။

 


ရှေးဦးစွာ နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏    ဂေါပကအဖွဲ့    ဩဝါဒါစရိယ၊ နေမျိုးနွယ်ပရိယတ္တိစာသင် တိုက် ဦးစီးပဓာနနာယက    ဝဲကြီးဆရာ တော် ဘဒ္ဒန္တ  အာဒိစ္စဝံသ   (အဂ္ဂမဟာ ပဏ္ဍိတ)  ဆရာတော်ကြီးက ဆုံးမဩဝါဒ စကား မိန့်ကြားပြီး   အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေး မှူး ဒေါ်ငြိမ်းအေးနှင့် သတင်းနှင့် စာနယ် ဇင်းလုပ်ငန်း        မြန်မာ့အလင်းသတင်း စာတိုက်  စာတည်းမှူးချုပ် ဦးအောင်နိုင် ဦးတို့က အမှာစကားပြောကြားသည်။

 


အသေးစား  စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက  ဖွင့်လှစ်သည့်    အဆိုပါ သင်တန်းတွင် ဇန်နဝါရီ ၅ ရက်မှ ၁၄ ရက် အထိ (၁၀ ရက်တာ)     သင်တန်းသား ၂၈ ဦးအား    သင်တန်းနည်းပြနှစ်ဦးဖြင့်    အခမဲ့ သင်ကြားပို့ချပေးမည်ဖြစ်သည်။

 


အသေးစား     စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနသည် စက်မှုလက်မှုနှင့်ဆိုင်သည့် တွင်ခုံသင်တန်း၊ ဝပ်ရှော့သင်တန်း၊ ဝရိန် သင်တန်း၊    တစ်လုံးထိုး အင်ဂျင်သင်တန်း၊  လျှပ်စစ်သင်တန်းများအပြင်     လက်မှု သင်တန်းများအနေဖြင့်လည်း ဝါးအခြေခံ လက်မှုသင်တန်း၊   သစ်အခြေခံလက်မှု သင်တန်းများ၊ စားသောက်ကုန်လုပ်ငန်း    သင်တန်းများဖြစ်သည့် ယိုမျိုးစုံသင်တန်း၊ ဖျော်ရည်ထုတ်လုပ်သင်တန်း၊ ကိတ်မုန့်၊   ပေါင်မုန့်ပြုလုပ်နည်း    သင်တန်းများ၊    လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆပ်ပြာ၊ ဟန်းဂျယ် (လက်ဆေးရည်)၊ ခေါင်းလျှော် ရည်၊ စနိုး၊        မိတ်ကပ်ပြုလုပ်နည်း  သင်တန်းများကိုလည်း     ပို့ချပေးလျက် ရှိပြီး  အသေးစားစက်မှုလက်မှုလုပ်ငန်း များ အောင်မြင်ပေါ်ထွန်းလာစေရန်နှင့်  မိသားစု၀င်ငွေ များ တိုးတက်ရရှိလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း    သိရ သည်။  


သတင်းနှင့်ဓာတ်ပုံ
ဇော်ဘီ