ကမ္ဘာ့နိုင်ငံတွေ နှစ်သစ်ကိုကြိုဆိုချိန်မှာ နေ့စဉ်လူနေမှုဘဝနဲ့ အလုပ်အကိုင်ကို ခြိမ်းခြောက်လာတဲ့ အိုမီခရွန်

 

လင်းဟန်သစ်

 

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံတွေဟာ နှစ်သစ်ကို ကြိုဆိုနေချိန်မှာ ကူးစက်မြန်အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်လာပြီး နေ့စဉ်လူနေမှုဘဝပုံစံနဲ့ အလုပ်အကိုင်တွေကို အနှောင့် အယှက်တွေ ဖြစ်စေပါတယ်။ ဇန်နဝါရီ ၃ ရက်အထိ ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ သန်း ၂၉၀ ကျော်ရှိလာပြီး ကိုဗစ်-၁၉ ဆက်စပ်သေဆုံးသူ ၅ ဒသမ ၄၄ သန်းရှိလာခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ် ရဲ့ နောက်ဆုံးသတင်းအချက်အလက်တွေအရ သိရပါတယ်။

 


တစ်နေ့တစ်မျိုးမရိုးရ


အမေရိကန်ပြည်ထောင်စုရဲ့   ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှု တတိယနှစ်ထဲ   ဝင်ရောက်လာချိန်မှာ များပြားလှတဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု စံချိန်တွေဟာ တစ်နေ့တစ်မျိုးမရိုးရအောင် ဖြစ်နေ ပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ကိုဗစ်-၁၉ ဟာ ၂၀၂၂ ခုနှစ်မှာ ထူးခြားတဲ့လှိုင်းအသွင် ကူးစက်ဖြစ်ပွားလာမယ့်အပေါ် သတိပေးထားကြပါတယ်။ 
အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုဟာ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က  ၆၄၀၀၀၀ ကျော်ဖြင့် စံချိန်သစ်တင်ခဲ့ပါတယ်လို့  ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့  အချက် အလက်တွေမှာ  ဖော်ပြထားပါတယ်။ 

 


အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုဟာ ပျမ်းမျှအားဖြင့်  ၃၂၀၀၀၀  ရှိပါတယ်လို့   အမေရိကန်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာရဲ့ နောက်ဆုံးအချက်အလက် တွေအရ သိရပါတယ်။ ခုနစ်ရက်ပျမ်းမျှ နေ့စဉ်  ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုဟာ ထပ်မံမြင့်တက်လာခဲ့ပါတယ်။ 
အိုမီခရွန်ကြောင့်   အမေရိကန်ပြည်ထောင်စုမှာ   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမြင့်လာခြင်းက   ကလေးငယ်အတော်များများရဲ့ ဆေးရုံတက်ရောက်မှုကိုလည်း မြင့်တက်စေခဲ့ပါတယ်။ 
ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ  ပျမ်းမျှ အသက် ၁၇  နှစ်နဲ့ သူ့အောက်ကလေးငယ် ၃၇၈ ယောက် ကိုဗစ်-၁၉ ကြောင့် နေ့စဉ် ဆေးရုံတက်ခဲ့ရပါတယ်။ ဒါဟာ အရင်သီတင်းပတ်ထက် ၆၆ ဒသမ ၁ ရာခိုင်နှုန်းလောက် မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကတည်းက  ကလေးငယ်ဆေးရုံတက်ရောက်မှု အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

 


လေကြောင်းလိုင်းတွေ ဖျက်သိမ်း 


အလုပ်များရက်  အားလပ်ရက်ရာသီမှာ  ကိုဗစ်-၁၉  ကြောင့် လေကြောင်းလိုင်းတွေမှာလည်း ဝန်ထမ်းတွေ လျော့နည်းနေခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့   အားလပ်ရက်ရာသီမှာ     နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပလေကြောင်းခရီးစဉ်  ၂၃၉၃  ခုလောက် ဖျက်သိမ်းလိုက်ရ ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာဆိုရင် လေကြောင်းခရီးစဉ် ထက်ဝက် ကျော် ဖျက်သိမ်းခဲ့ရပါတယ်။ ထို့အတူ ဇန်နဝါရီ ၂ ရက်မှာ အမေရိကန် လေကြောင်းလိုင်း ၄၅၁၉ ခုခန့် နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။ 

 


ဝန်ထမ်းတွေကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုနဲ့ ဆိုးရွား တဲ့ရာသီဥတုကြောင့်   နှစ်သစ်ကူးနဲ့   ဇန်နဝါရီ   ၆    ရက်ကြားမှာ အမ်းထရက်ရထားခရီးစဉ်တွေကိုလည်း လျှော့ချခဲ့ရပါတယ်။ အမေရိ ကန်ထိပ်တန်းကူးစက်ရောဂါဆိုင်ရာ အန်တိုနီဖော်စီက အခုသီတင်း ပတ်အစောပိုင်းက  အမေရိကန်ပြည်ထောင်စုအတွင်း  ကိုဗစ်-၁၉ အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်မှုတွေမြင့်တက်လာခြင်းက ဇန်နဝါရီလ ကုန်မှာ အမြင့်ဆုံးအထိဖြစ်လာလိမ့်မယ်လို့ ပြောထားပါတယ်။

 


တင်းကျပ်တဲ့ကန့်သတ်ချက်တွေ ဥရောပအစိုးရတွေပြုလုပ် 


ပြင်သစ်နိုင်ငံမှာလည်း ခရစ္စမတ်ကာလကတည်းက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ ရုတ်တရက်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဗြိတိန်မှာလည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်လာပြီး ၁၂ သန်းကျော်အထိရှိလာခဲ့ပါတယ်။ ဂျာမနီမှာလည်း သောကြာနေ့ တစ်နေ့တည်းကို   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ  ၄၁၂၄၀  အထိ မြင့်တက်လာခဲ့ပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားမှု ကတော့ အရင်သီတင်းပတ်က ၃ ဒသမ ၁ ရာခိုင်နှုန်းရှိရာမှ ၁၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ခုန်တက်လာခဲ့ပါတယ်။

 


အလားတူ   ဆိုက်ပရက်စ်မှာလည်း   အိုမီခရွန်ဗိုင်းရပ်စ်သစ်ဟာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကိုဖြစ်စေတဲ့ အဓိကတရားခံဖြစ်လာခဲ့ ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုရဲ့ ၈၀ ရာခိုင်နှုန်းဟာ အိုမီခရွန် ကြောင့်ဖြစ်ပါတယ်လို့    ကျန်းမာရေးဝန်ကြီး    မီချယ်လစ်က ပြောလိုက်ပါတယ်။ 

 


ခရစ္စမတ်ပြီးနောက်မှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနဲ့ သေဆုံးမှု မြင့်တက်လာတဲ့အတွက် ဥရောပအစိုးရတွေဟာ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုကို    ထိန်းချုပ်ဖို့   နောက်ထပ်တင်းကျပ်တဲ့   ကန့်သတ် ဆောင်ရွက်ချက်တွေ ချမှတ်လာခဲ့ပါတယ်။

 


ဂျာမန်အစိုးရကလည်း ကာကွယ်ဆေးထိုးထားသူရော၊ ကူးစက် ဖြစ်ပွားမှုက ပြန်ကောင်းလာသူရော  သူတို့နှစ်ဦးလုံးရဲ့ ထိတွေ့မှုတွေကို ကန့်သတ်ထားပါတယ်။ အလားတူ တစ်နိုင်ငံလုံးမှာလည်း နှစ်သစ်ကူး အားလပ်ရက်ရာသီမှာ လူစုလူဝေးတွေလုပ်ခြင်းကိုလည်း ကန့်သတ် ထားပါတယ်။

 


လူတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားရမယ်  


ဗြိတိန်မှာဆိုရင်လည်း စာသင်ခန်းအတွင်းမှာ အလယ်တန်းအဆင့် ကျောင်းသူ ကျောင်းသားတွေကို ပါးစပ်၊ နှာခေါင်းစည်းတွေ ပြန်လည် ဝတ်ဆင်ခိုင်းထားပါတယ်။  သို့သော်လည်း ဒီလိုမျိုးကန့်သတ်ချက်တွေ လုပ်ဆောင်နေသည့်တိုင်  ကျွမ်းကျင်သူတွေအနေနဲ့ကတော့ ကျေနပ်မှု မရှိသေးပါဘူး။    ကိုဗစ်-၁၉    တားဆီးကာကွယ်ရေး ဆောင်ရွက် ချက်သစ်တွေဟာ အကျိုးကျေးဇူးတစ်စုံတစ်ရာရရှိဖို့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ ရှေ့သီတင်းပတ်အနည်းငယ်အတွင်းမှာ မြင့်တက်လာမယ့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။ 

 


ကူးစက်မြန်တဲ့ အိုမီခရွန်ဗိုင်းရပ်စ်ကို ထိရောက်စွာ ဟန့်တား နိုင်ဖို့ဆိုရင် လူတိုင်းအကုန်လုံးနီးပါး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ထားဖို့လိုပါတယ်။       ဒါမှမဟုတ်ရင်     ကာကွယ်ဆေးထိုးနှုန်းကို စိတ်ကျေနပ်စရာကောင်းတဲ့ အဆင့်တစ်ခုအထိ မြှင့်တင်ထားရမယ်လို့ ရောဂါကာကွယ်ရန်    တစ်ကိုယ်ရေနဲ့   ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ အပူပိုင်းဒေသ   ဆေးပညာဆိုင်ရာ လန်ဒန်ကျောင်းရဲ့ ဥရောပပြည်သူ့ ကျန်းမာရေးပါမောက္ခ မာတင်မက်ကီးက ပြောပါတယ်။

 


အာရှတစ်ဝန်းမှာဖြစ်နေတဲ့ အိုမီခရွန် 


အာရှကိုကြည့်မယ်ဆိုရင်   အိန္ဒိယနိုင်ငံမှာ   အိုမီခရွန်ကူးစက် ဖြစ်ပွားမှုဟာ ဇန်နဝါရီ   ၂  ရက်အထိ  ၁၅၂၅  ဦးအထိ ရောက်ရှိလာခဲ့ပါ တယ်။ မဟာရက်ရှ်တရာနဲ့ ဒေလီတို့မှာ ကူးစက်ဖြစ်ပွားသူ ၄၆၀ နဲ့ ၃၅၁ ဦးတို့ အသီးသီးဖြစ်ကြပါတယ်။ 

 


တောင်ကိုရီးယားမှာဆိုရင်လည်း အိုမီခရွန်ကြောင့် ပထမဆုံး သေဆုံးသူ နှစ်ဦးရှိလာပြီလို့ ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါ တယ်။  
ပါကစ္စတန်မှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေတဲ့ကြားထဲ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူသစ် ၅၉၄ ဦး ရှိလာခဲ့ပါတယ်။ အာဖရိက ကိုကြည့်မယ်ဆိုရင်လည်း   တန်ဇန်းနီးယားသမ္မတ ဆာမီယာဆူ လူဟူဟက်ဆန်က ဇန်နဝါရီ ၂ ရက်က အိုမီခရွန်ကူးစက်မှု စလာပြီလို့ အတည်ပြုပြောကြားခဲ့ပါတယ်။ 
ကိုဗစ်-၁၉ အိုမီခရွန်ဗိုင်းရပ်စ်သစ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာမှာ တောင်အာဖရိကမှာ တွေ့ရှိခဲ့ပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုနှုန်းဟာ     အရင်ဗိုင်းရပ်စ်တွေရဲ့   ကူးစက်ပျံ့နှံ့ပုံမျိုးမဟုတ်ဘဲ တစ်ခါမှမတွေ့ဖူးတဲ့နှုန်းနဲ့ ကူးစက်ပျံ့နှံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးထားပါတယ်။         ။

ကိုးကား - ဆင်ဟွာ