“စိန်ရတု ပြည်ထောင်စုလူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   ဇန်နဝါရီ    ၅


(၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်     မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့်     မြန်မာနိုင်ငံ လူရွှင်တော်အသင်း (ဗဟို)တို့ ပူးပေါင်းပြီး လူရွှင်တော်ပြိုင်ပွဲများကို “စိန်ရတုပြည်ထောင်စု လူရွှင်တော်ဖလား” ခေါင်းစဉ်ဖြင့် MRTV HD Channel မှ တင်ဆက်မည်ဖြစ်သည်။

 


အဆိုပါပြိုင်ပွဲနှင့်  ဖျော်ဖြေရေးအစီအစဉ်များကို  ပွဲစဉ် (၈)ပွဲ ရေးဆွဲကာ  ၂၀၂၂ ခုနှစ်  ဇန်နဝါရီ ၈ ရက်မှ  စတင်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်အထိ အပတ်စဉ် စနေနေ့ညတိုင်းနှင့် ဖေဖော် ဝါရီ ၉ ရက်နှင့် ၁၀ ရက်နေ့များအပါအဝင် ထုတ်လွှင့်ပြသသွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။               

သတင်းစဉ်