စုစည်းအားနဲ့ တိုင်းပြည်သာယာဝပြောရေး ဝိုင်းဝန်းတည်ဆောက်

 

တပ်မတော်အနေနဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေက  ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားများနဲ့အညီ  နိုင်ငံတော်ရဲ့အကျိုး၊  တိုင်းရင်းသား ပြည်သူလူထုရဲ့အကျိုးကိုသာ အစဉ်ရှေးရှုဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာ ဝပြောဖို့နဲ့ စားရေရိက္ခာဖူလုံစေဖို့တို့အတွက် ကျွန်တော်တို့အစိုးရအနေနဲ့ တိုင်းရင်းသားပြည်သူတို့နဲ့အတူ တစ်စိတ်တစ်ဝမ်းတည်း တက်ညီလက်ညီ  ဆက်လက်ပူးပေါင်းဆောင်ရွက်သွားပါ့မယ်။ “ညီညာမှ ပြည်သာမည်” ဖြစ်လို့ ကျွန်တော်တို့ရဲ့ စုစည်းအားနဲ့ တိုင်းပြည်သာယာဝပြောရေး ဝိုင်းဝန်းတည်ဆောက်ကြပါစို့လို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။ 


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁-၁-၂၀၂၂ ရက်နေ့တွင် ပြောကြားသည့် ၂၀၂၂ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှ ကောက်နုတ်ချက်)