ဘူးသီးတောင်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ဘူးသီးတောင်   ဇန်နဝါရီ    ၅


ရခိုင်ပြည်နယ် မောင်တောခရိုင်  ဘူးသီးတောင်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား       လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်း အနားကို  ယမန်နေ့နံနက်ပိုင်းက  မြို့နယ်မီးသတ် ဦးစီးမှူးရုံးခန်းမ၌ ကျင်းပသည်။ 

 


ရှေးဦးစွာ     မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက   သင်တန်းသားများအနေဖြင့်   မိမိ ရပ်ရွာအတွင်း   မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တစ်ဖက်တစ်လမ်းမှ   ပါဝင်ကူညီဆောင်ရွက်နိုင် အောင် စနစ်တကျသင်ယူကြရန်၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး စည်းကမ်းတကျ  ဒေသအကျိုးကို  ကူညီဆောင်ရွက်ကြရန် စသည့် တို့ကို ပြောကြားသည်။

 


ထို့နောက်   မြို့နယ်ဦးစီးမှူး  ဦးထွန်းဝင်းနိုင်က အရန်မီးသတ်တပ်ဖွဲ့ဝင်များအား      လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊      သင်တန်းစည်းမျဉ်းစည်းကမ်း များကို ရှင်းလင်းပြောကြားသည်။

 

 

အဆိုပါသင်တန်းကို       ဘူးသီးတောင်မြို့နယ်   ရပ်ကွက်/ကျေးရွာများမှ    သင်တန်းသား    ၅၀ တက်ရောက်သင်ကြားပြီး     သင်တန်းကာလမှာ  ဖေဖော်ဝါရီ   ၃  အထိ  တစ်လကြာ  စာတွေ့၊    လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရ သည်။

လှကျော်( ပြန်/ဆက်)