လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲအားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်  တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ထူးဆောင် လက်မှတ်ပေးအပ်ပွဲများကျင်းပ

 

 

နေပြည်တော်  ဇန်နဝါရီ    ၄
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝင်းအတွင်းရှိ အနော်ရထာခန်းမရှေ့စစ်ရေး ပြကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့    ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး  ဖုန်းမြတ်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ      တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊   အရာခံ၊  အကြပ်၊ စစ်သည်၊ စစ်သမီးများ တက်ရောက်ကြပြီး အခမ်းအနားတွင် နိုင်ငံတော်အလံ အလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သား များအား အလေးပြုခြင်းတို့ကို စစ်ရေးပြအစီအစဉ် အတိုင်း ဆောင်ရွက်ကြသည်။ ယင်းနောက် ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်က လွတ်လပ်ရေးနေ့အထိမ်း အမှတ် မိန့်ခွန်းပြောကြားသည်။
အလားတူ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားများကို တိုင်းစစ်ဌာနချုပ်များ အလိုက်   ကျင်းပကြရာ  တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်များ တက်ရောက် ကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ကျင်းပကြသည်။
၎င်းပြင် တိုင်းစစ်ဌာနချုပ်များအလိုက် လွတ်လပ် ရေးနေ့  အထိမ်းအမှတ်    ပျော်ပွဲရွှင်ပွဲအားကစား ပြိုင်ပွဲများပြုလုပ်ပြီး  (ယာပုံ)  အားကစားပြိုင်ပွဲများ အလိုက် ဆုရရှိသူများအား တိုင်းမှူးများနှင့် တာဝန် ရှိသူများက ဆုများပေးအပ်ကြသည်။
ထို့ပြင်      တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ထူးဆောင်လက်မှတ် များ ချီးမြှင့်အပ်နှင်းခြင်းကို မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊   အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊    ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့၌ ကျင်းပကြရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏  သူရဲကောင်းလက်မှတ်နှင့် ဂုဏ်ထူး ဆောင် လက်မှတ်ရရှိကြသည့် အရာရှိ၊ စစ်သည်များ အား   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းဒေသကြီးနှင့်      ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့် ကြကြောင်း သတင်းရရှိသည်။              သတင်းစဉ်