ပထမအကြိမ်ရေကြောင်းတိုင်းတာရေးဆိုင်ရာ ပူးတွဲကော်မတီအစည်းအဝေး တက်ရောက်ရန် အိန္ဒိယရေတပ်မှ ရေကြောင်းတိုင်းတာရေးအကြီးအကဲ  Vice Admiral Adhir Arora နှင့်ဇနီးတို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ရောက်ရှိ

 

 

နေပြည်တော်   ဇန်နဝါရီ   ၄
မြန်မာနိုင်ငံတွင်   ကျင်းပပြုလုပ် မည့်  ပထမအကြိမ်  ရေကြောင်း တိုင်းတာရေးဆိုင်ရာ      ပူးတွဲ ကော်မတီအစည်းအဝေး    (1st Joint  Committee  Meeting-JCM) သို့ တက်ရောက်ရန်အတွက် အိန္ဒိယရေတပ်မှ     ရေကြောင်း တိုင်းတာရေးဆိုင်ရာ အကြီးအကဲ ဖြစ်သူ Vice Admiral Adhir Arora နှင့်ဇနီး ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့ သို့ ရောက်ရှိလာရာ တပ်မတော် (ရေ)မှ  အရာရှိကြီးများ၊  မြန်မာ နိုင်ငံဆိုင်ရာ     အိန္ဒိယရေတပ် စစ်သံမှူးနှင့်     တာဝန်ရှိသူများ က   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်   ကြိုဆိုနှုတ်ဆက် ကြသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့ သည် မြန်မာနိုင်ငံတွင် ဇန်နဝါရီလ ၈ ရက်အထိ ငါးရက်ကြာ နေထိုင် ၍     ပူးတွဲကော်မတီ   အစည်း အဝေးသို့   တက်ရောက်ခြင်းနှင့်  ရန်ကုန်မြို့ရှိ    အထင်ကရနေရာ များသို့   လေ့လာလည်ပတ်သွား မည်ဖြစ်ကြောင်း    သတင်းရရှိ သည်။
သတင်းစဉ်