(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့်  ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

 

 

နေပြည်တော်  ဇန်နဝါရီ    ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ   ဥက္ကဋ္ဌ၊    နိုင်ငံတော် ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး   ဒေါ်ကြူ ကြူလှတို့က တည်ခင်းဧည့်ခံသည့်  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို  ယနေ့ညနေပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌရုံး ဥပစာမြက်ခင်းပြင်၌      ကျင်းပ သည်။
ဂုဏ်ပြုညစာစားပွဲ       အခမ်း အနားတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ        ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်          ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများက အခမ်း အနားသို့  တက်ရောက်လာကြသူ များအား      ကြိုဆိုနှုတ်ဆက်ကြ သည်။
ယင်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ် မှူးကြီး   မင်းအောင်လှိုင်နှင့်    ဇနီး ဒေါ်ကြူကြူလှတို့သည်   ညစာ စားပွဲ      အခမ်းအနား     ကျင်းပရာ  နေရာသို့    ရောက်ရှိကြရာ  နိုင်ငံ တော်စီမံအုပ်ချုပ်ရေး  ကောင်စီ  ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး     စိုးဝင်း နှင့်ဇနီး          ဒေါ်သန်းသန်းနွယ်၊  ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီး များက ကြိုဆိုနှုတ်ဆက်ကြပြီး ၎င်းတို့နှင့်အတူ   ဥပစာမြက်ခင်း ပြင်သို့   ရောက်ရှိကာ    နိုင်ငံရေး ပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စား လှယ်များအား         ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
တက်ရောက်
အခမ်းအနားသို့   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး   စိုးဝင်း၊     နိုင်ငံ တော်စီမံအုပ်ချုပ်ရေး    ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ် ကြီး   မြထွန်းဦး၊    ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊       ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊        ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်း မောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင် ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊           ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ        ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး     စိုးထွဋ်၊ ဦးရွှေကြိမ်း၊     ကောင်စီအတွင်း ရေးမှူး     ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက် အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦးနှင့် ၎င်းတို့၏ဇနီးများ၊  ပြည်ထောင်စု  တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ  ဦးသန်းကျော်၊      ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်    ဥက္ကဋ္ဌ ဦးသိန်းစိုး၊  ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊  ဂုဏ်ထူးဆောင်ဘွဲ့      ရရှိသူများ၊ နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊  အဂတိလိုက်စားမှု  တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊       မြန်မာနိုင်ငံ အမျိုးသား      လူ့အခွင့်အရေး ကော်မရှင်   ဥက္ကဋ္ဌနှင့်   ၎င်းတို့၏ ဇနီးများ၊     ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)     နှင့်   ဇနီး၊ ကာကွယ်ရေး           ဦးစီးချုပ်ရုံးမှ တပ်မတော်    အရာရှိကြီးများနှင့် ဇနီးများ၊   နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ဒုတိယ ဝန်ကြီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏  အကြံပေး အဖွဲ့ဝင်များ၊   နိုင်ငံရေးပါတီများ မှ     ဥက္ကဋ္ဌများနှင့်    ကိုယ်စားလှယ် များ၊ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသူ များ၏        မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ       တက် ရောက်ကြသည်။
ကြည့်ရှုအားပေး
ဂုဏ်ပြုညစာစားပွဲ     အခမ်း အနားတွင်    (၇၄)    နှစ်မြောက် လွတ်လပ်ရေးနေ့  အထိမ်းအမှတ် မီးရှူးမီးပန်းများ       ပစ်ဖောက် ဂုဏ်ပြုကြသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    ဇနီး၊ အခမ်းအနား တက်ရောက်လာကြ သူများသည် ညစာမသုံးဆောင်မီ နှင့်       သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံ   ခေတ်ပေါ်တေးဂီတ အဖွဲ့နှင့်တွဲဖက်၍ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  အနု ပညာဦးစီးဌာနမှ     အနုပညာရှင် များ၏  တေးသံသာများဖြင့် သီဆို တီးမှုတ်ဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့ကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်           စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်ဇနီးတို့သည် အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး         နှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်