
နေပြည်တော် ဇန်နဝါရီ ၃
ကရင်ပြည်နယ် လေးကေ့ကော် မြို့သစ်တစ်ဝိုက် ရောက်ရှိနေသည့် NUG နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖော်ထုတ် ဖမ်းဆီးခဲ့ရာမှ စတင်၍ KNU/ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ပျက်စီးစေလို သည့် ခေါင်းဆောင်အချို့ ပါဝင် သော အဖွဲ့၊ NUG၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါ ဒေသမှ အပြစ်မဲ့ပြည်သူများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်လျက်ရှိသည်။
အဆိုပါဒေသတစ်ဝိုက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်း မှုရှိသည့်အတွက် တစ်ဖက်နိုင်ငံ သို့ ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည် နေထိုင်နိုင်ရေးအတွက် အသံချဲ့ စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာ စကားများဖြင့် ပြန်လည်ဖိတ်ခေါ်ခြင်း၊ ထိုင်း- မြန်မာ နယ်ခြားကော်မတီများမှ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ခြင်းများကြောင့် ထွက်ပြေး တိမ်းရှောင်နေသူများအနက်မှ ယနေ့တွင် အင်ကြင်းမြိုင်၊ မယ်ထော်သလေးနှင့် ဖလူးကြီး ကျေးရွာတို့၌ နေထိုင်သူ အမျိုးသား ၃၉၆ ဦး၊ အမျိုးသမီး ၃၅၅ ဦး စုစုပေါင်း ၇၅၁ ဦးတို့သည် ၎င်းတို့နေရပ်အသီးသီးသို့ ထပ်မံ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက် လာသူများကို သက်ဆိုင်ရာတာဝန် ရှိသူများက စနစ်တကျ လက်ခံ ခဲ့ပြီး ထိုသို့ လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထား စာရွက် စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်း ပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာန ချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် များနှင့် အခြားလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်