အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် ပြည်ပနိုင်ငံမှ မှာယူသယ်ဆောင်လာသည့်အောက်ဆီဂျင်တင်မော်တော်ယာဉ်အား KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်

နေပြည်တော် ဇန်နဝါရီ  ၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်    ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊   ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို  အလေး အနက်ထား  ဆောင်ရွက်လျက် ရှိပြီး အောက်ဆီဂျင်လိုအပ်မှုများ ရှိခဲ့ချိန်နှင့်   လက်ရှိအချိန်တွင် ပြည်တွင်း ထုတ်လုပ်မှုများအပြင် ပြည်ပနိုင်ငံများမှ   ဝယ်ယူတင် သွင်း ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိပြီး    လိုအပ်ချက်များ အပေါ်မူတည်၍  တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ ခွဲဝေဖြန့်ဖြူး ပေးခြင်း၊   လူမှုရေးအသင်းအဖွဲ့ များနှင့် ပူးပေါင်း၍ အောက်ဆီဂျင် ထုတ်လုပ်     ဖြန့်ဖြူးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


အကြောင်းမဲ့ပစ်ခတ်


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံမှ         မှာယူ၍ အောက်ဆီဂျင်အရည် တန် ၂၀ တင်ဆောင်ကာ ကရင်ပြည်နယ် မြဝတီမြို့မှ    ရန်ကုန်မြို့သို့ ထွက်ခွာလာသည့်   မော်တော် ယာဉ်သည် ယနေ့မွန်းလွဲ ၂ နာရီ ခွဲခန့်တွင် မြဝတီမြို့နယ်  အပြင် ကွင်း     ကလေးကျေးရွာ၏ အနောက်မြောက်ဘက်    မီတာ ၂၀၀၀ ခန့်အကွာသို့ အရောက်၌ KNLA အဖွဲ့နှင့်  PDF  အမည်ခံ အကြမ်းဖက်     အဖွဲ့များက လက်နက်ငယ်များဖြင့်  အကြောင်း မဲ့     ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။


အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် ယာဉ်မောင်း ဦးဇေယျ (ဘ) ဦးခင်လှနှင့်    ယာဉ်နောက် လိုက်     ဦးအောင်ကြီး(ဘ)ဦးကျော်ဝင်းတို့တွင်  လက်နက် ငယ်ကျည်      ထိမှန်ဒဏ်ရာ (စိုးရိမ်ရ)များရရှိခဲ့ပြီး  မော်တော် ယာဉ်မှာ လေကာမှန်များ ကွဲကြေ ပျက်စီးခဲ့သည်။ အဆိုပါ ဒဏ်ရာရ ရှိသူများကို     သင်္ကန်းညီနောင် လူမှုကူညီရေးအသင်းမှ   မော်တော် ယာဉ်ဖြင့်     သင်္ကန်းညီနောင်မြို့ရှိ       တပ်မတော်ဆေးရုံသို့   ပို့ဆောင်ဆေးကုသမှု     ခံယူစေလျက်ရှိ ကြောင်း သိရသည်။


 ပြစ်တင်ရှုတ်ချကိုဗစ်-၁၉    ရောဂါဖြစ်ပွား နေသည့်       ကာလအတွင်း ပြည်သူများ၏      ကျန်းမာရေး ကဏ္ဍများတွင်     အောက်ဆီဂျင် လိုအပ်ချက်       မရှိစေရေး ဆောင်ရွက်ပေးနေသည့် အပေါ် KNLA အဖွဲ့နှင့်  PDF  အမည်ခံ အကြမ်းဖက်အဖွဲ့များက    ယခု ကဲ့သို့      လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ အကြမ်းဖက် လုပ်ရပ်များ         လုပ်ဆောင် ခဲ့မှုအပေါ်      ပြည်သူများက ဝိုင်းဝန်း     ပြစ်တင်ရှုတ်ချလျက် ရှိကြောင်းနှင့်      လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့်       လုံခြုံရေး လုပ်ငန်းများနှင့်      အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို လိုအပ်သလို       ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။              

သတင်းစဉ်