
မောင်သောင်းဝင်း(တမန်ဟောင်း)
==================
မကြာသေးမီအချိန်ကပင် နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ကမ္ဘာ့လူသား အားလုံးသည် ၂၀၂၁ ခုနှစ်အတွင်း အခက်အခဲမျိုးစုံ ကို ကြုံတွေ့ခဲ့ရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ကြောင့် လူသားများစွာ အသက်ဆုံးရှုံးခဲ့ရသည်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့်လုပ်ငန်းများစွာ နှောင့်နှေးကြန့်ကြာခဲ့ရသည်။ ဓနအင်အား ကြွယ်ဝသောနိုင်ငံများတွင် တတိယအကြိမ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး လွှမ်းခြုံထိုးနှံနိုင်ပြီဖြစ် သော်လည်း ဆင်းရဲတွင်းနက်နေသော နိုင်ငံများတွင် မူ နိုင်ငံသားတိုင်း ကာကွယ်ဆေးထိုးနှံခွင့်ရရှိရေး အတွက် ရုန်းကန်နေရဆဲဖြစ်သည်။ တစ်ကမ္ဘာလုံး တွင် ကာကွယ်ဆေးလွှမ်းခြုံ ထိုးနှံနိုင်မှသာလျှင် ကိုဗစ်-၁၉ ရောဂါကို ကျော်လွှားနိုင်မည်ဖြစ်သည်။ ထိုကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးနှင့် အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းသွားကြ ရန် လိုအပ်ပေသည်။
ကာကွယ်ဆေးထိုးနှံခွင့်ရရှိ
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသူ နိုင်ငံသားများသည် ကံကောင်းသည်ဟု ဆိုချင်ပါသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ကောင်းမွန်သောစီမံ ခန့်ခွဲမှုများကြောင့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အကျဉ်းသားများ၊ သက်ကြီးရွယ်အို များအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေးဘဲ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ် ဆေးနှစ်ကြိမ်အထိ ထိုးနှံပြီးဖြစ်သည်။ ထို့အပြင် အခြေခံပညာကျောင်းများတွင်လည်း အသက် (၁၂) နှစ်အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ဖြစ်သည်။ အလားတူဇန်နဝါရီလအတွင်း တက္ကသိုလ်ကျောင်း များ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း တက္ကသိုလ် ကျောင်းသား ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံ သွားရန် ကြိုတင်စီမံပြင်ဆင်ဆောင်ရွက်လျက်ရှိ သည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဦးတည်အုပ်စုများ၏ ၅၀ ရာခိုင်နှုန်းကျော်အထိ ကာကွယ်ဆေးထိုးနှံနိုင်ရန် ရည်မှန်းဆောင်ရွက်ခဲ့ရာ စင်စစ်အားဖြင့် နိုင်ငံတော်အစိုးရသည် အခက်အခဲ ပေါင်းစုံများကြားမှပင်လျှင် ပြည်သူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်အောင် စီမံဆောင်ရွက် နိုင်ခဲ့သည်။
ခေတ္တထိန်းသိမ်းခဲ့ရ
အမှန်တော့ တပ်မတော်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင် ကြီးမားသော မဲစာရင်းမှားယွင်းမှုများဖြစ်ပေါ်ခဲ့သဖြင့် တည်ဆဲ အစိုးရ၊ လွှတ်တော်နှင့် ရွေးကောက်ပွဲကော်မရှင် တို့အား ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ သော်လည်း တာဝန်ယူဖြေရှင်းခြင်းမရှိဘဲ လျစ်လျူ ရှုခဲ့ကြသည်။ ထို့အပြင်အာဏာရပါတီသည် တတိယ အကြိမ်လွှတ်တော်များခေါ်ယူပြီး အစိုးရဖွဲ့စည်းကာ နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူရန်ပင် ကြိုးစားလာခဲ့သည်။ ထို့ကြောင့်တပ်မတော်အနေ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ အရေးပေါ်အခြေအနေကြေညာပြီး တိုင်းပြည် အာဏာကို ခေတ္တထိန်းသိမ်းခဲ့ရသည်။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုနှင့် ဒီမိုကရေစီစနစ်ဆက်လက် ရှင်သန်ထွန်းကားစေရန်ပင်ဖြစ်သည်။ အထူးသဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ဖြင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန် အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။
ကမ်းကုန်အောင်မိုက်သူများ
သို့သော် ထိုအချိန်မှစ၍ CRPH၊ NUG၊ PDF များနှင် NLD ထောက်ခံသူအစွန်းရောက်များသည် နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်မှုမှန်သမျှကို ဆန့်ကျင်ရေးလုပ်ခဲ့ကြသည်။ တိုင်းပြည်အလုံးစုံ ပျက်စီးရေးအတွက် နည်းလမ်းပေါင်းစုံသုံးကာ နှောင့်ယှက်တိုက်ခိုက်လာကြသည်။ ကလေးငယ် များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် သံဃာတော်များကိုပင်လျှင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။ ကျေးရွာများ၊ အစိုးရစာသင် ကျောင်းများနှင့် ရုံးများကို ဗုံးခွဲ၊ မီးရှို့တိုက်ခိုက်ကြ သည်။ လမ်းတံတားများကို ဖျက်ဆီးကြသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး တာဝန်ထမ်းဆောင်နေသူများကိုပင်လျှင် ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြသည်။ မျိုးဆက် သစ်များကို ပညာသင်ကြားပေးနေသည့် ဆရာ ဆရာမများကိုလည်း ခြိမ်းခြောက်ပစ်ခတ်သတ်ဖြတ် လာကြသည်။ ပုံမှန်ကျောင်းတက်နေသော ဆရာ ဆရာမများနှင့် ရုံးတက်နေသော အချို့ဝန်ထမ်းများ ကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်လျက်ရှိ သည်။
သာဓကအနေဖြင့် ၁၉၉၀ ပြည့်လွန်နှစ်များက စာရေးသူ တာဝန်ထမ်းဆောင်ခဲ့သော ကယား ပြည်နယ်တွင် PDF အမည်ခံအကြမ်းဖက်သမားများ နှင့် NLD အစွန်းရောက်များ၏အန္တရာယ်ကြောင့် ဒေသခံပြည်သူများသည် ရောင်းရေးဝယ်တာ လုပ်ငန်းများအတွက် လွိုင်ကော်နှင့် ဖားဆောင်းကို အလွယ်တကူသွားလာနိုင်ခြင်း မရှိတော့ပေ။ အမှန်တော့ ကယားတိုင်းရင်းသားတို့သည် ပင်ကို သဘောသဘာဝအရ ရိုးသားဖြူစင်ပြီး အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်လေ့ရှိကြသည်။ သို့သော် တိုင်းပြည်ဖျက်ဆီးလိုသည့် အကြမ်းဖက် သမားများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ ဝါဒမှိုင်းတိုက် အရောင်ဆိုးမှုများကြောင့် တချို့သောတိုင်းရင်းသား များသည် အဖျက်အမှောင့်လုပ်ငန်းများတွင် ရည်ရွယ်ချက်မရှိဘဲ ပါဝင်ဆောင်ရွက်လာကြသည်။ ရိုးသားဖြူစင်သော တိုင်းရင်းသားများသည် အစွန်း ရောက် နိုင်ငံရေးသမားများ၏ အသုံးချခံဖြစ်လာကြ သည်ကို တွေ့မြင်နေရသည်။
အေးချမ်းစွာနေထိုင်လို
အမှန်တော့ ဒီမိုကရေစီစနစ်တွင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်နှင့် သဘောထားကွဲလွဲခွင့်များရှိသော်လည်း မိမိနှင့် အမြင်မတူသူများကို ရန်သူအဖြစ်သဘောထားပြီး သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း၊ ဗုံးခွဲခြင်း၊ မိုင်းထောင်ခြင်း နှင့် နိုင်ငံတော်ယန္တရားများကို နှောင့်ယှက်ခြင်း သည် ဒီမိုကရေစီနှင့် ဆန့်ကျင်သောလုပ်ရပ်များ ပင်ဖြစ်သည်။ မည်သည့်ဒီမိုကရေစီနိုင်ငံတွင်မျှ အကြမ်းဖက်သတ်ဖြတ်သည့် လုပ်ရပ်ကိုလက်မခံဘဲ လူသားဆန်သောအပြုအမူကိုသာ လက်ခံလေ့ရှိကြ သည်။ အလားတူ မြန်မာနိုင်ငံတွင်လည်း တပ်မတော်နှင့် ပြည်သူသည် CRPH၊ NUG၊ PDF အပါအဝင်အစွန်းရောက် NLD အကြမ်းဖက်သမားများ၏အဖျက်အမှောင့်လုပ်ရပ်များကို လုံးဝလက်ခံ သွားမည်မဟုတ်ချေ။ အကြမ်းဖက်သမားများကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ချေမှုန်းတိုက်ခိုက်သွား မည်မှာ သံသယဝင်ရန်ပင်မလိုချေ။
စင်စစ်အားဖြင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံး သည် အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လို ကြသည်။ မိဘများသည် ရင်သွေးငယ်များကို ကျောင်းသို့ စိတ်ချလက်ချစေလွှတ်ချင်သည်။ အေးချမ်းစွာ ပညာသင်ယူခွင့်ရရှိစေလိုသည်။ တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေးအတွက်လည်း မျှောင်လင့်နေကြပြီဖြစ်သည်။ တည်ငြိမ်အေးချမ်း မှု၏အနှစ်သာရကို ခံစားလိုသဖြင့် အကြမ်းဖက် သမားများ၏လုပ်ရပ်အပေါ် စက်ဆုပ်လျက် ရှိနေကြပြီဖြစ်သည်။
နှစ်သစ်တွင် မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ
ဆိုရလျှင် မကြာသေးမီအချိန်ကပင် နှစ်သစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ နှစ်သစ်တွင် ပြည်သူအားလုံး သည် လောဘ၊ ဒေါသ၊ မာန်မာနများလျှော့ချပြီး မေတ္တာ၊ စေတနာ၊ ကရုဏာ၊ မုဒိတာစိတ်များထားရှိ ကာ အကောင်းဆုံးကြိုးပမ်းသွားမည်ဆိုလျှင် တိုင်းပြည်အတွင်း၌ ဝမ်းနည်းဖွယ်ရာများ၊ နာကြည်း ဖွယ်ရာများ၊ နောင်တရဖွယ်ရာဖြစ်စဉ်များ လျော့နည်း လာမည်ဖြစ်ပေသည်။ အထူးသဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်သည့် လုပ်ငန်းစဉ် များတွင် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို များအကြား မတူကွဲပြားမှုများကို စုပေါင်းလျက် ခွန်အားတစ်ရပ်အဖြစ် အသုံးချသွားမည်ဆိုလျှင် အနာဂတ်တွင် တည်ငြိမ်အေးချမ်းသာယာဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်သွားနိုင်မည်ဖြစ်သည်။
အထူးသဖြင့်မေတ္တာတရားသည် အရာအားလုံး ကို လွှမ်းမိုးနိုင်စွမ်းရှိပါသည်။ ထို့ကြောင့် နှစ်သစ် တွင် တိုင်းရင်းသားပြည်သူအချင်းချင်း တစ်ဦးနှင့် တစ်ဦး မေတ္တာထားသွားကြရန် လိုအပ်မည် ဖြစ်သည်။ သို့မှသာလျှင် ခေတ်သစ်ကိုလိုနီများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် အစိုင်အခဲဖြစ်နေ သည့် အချင်းချင်းအမြင်လွဲမှားနေမှုများ၊ ပဋိပက္ခများ၊ စစ်ပွဲများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ အမှန်တော့ တိုင်းရင်းသားညီအစ်ကိုများအကြား ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်၊ ပညာမဲ့၊ ရာထူးကြီး/ ငယ်၊ ဇာတ်နိမ့်၊ ဇာတ်မြင့်၊ လူမျိုးရေး၊ ဘာသာရေး မခွဲခြားဘဲ မေတ္တာအရင်းခံဖြင့်သာ ဆက်ဆံသွားမည် ဆိုလျှင် အေးချမ်းသာယာသော ပြည်ထောင်စုကြီးကို ဧကန်မုချတည်ဆောက်နိုင်မည်ဖြစ်သည်။ ထိုသို့ ဆိုလျှင် ကျွန်ုပ်တို့ပြည်ထောင်စုကြီးသည် ကမ္ဘာ တည်သရွေ့ ထာဝစဉ်အေးချမ်းသာယာနေမည် ဖြစ်သည်။ ထို့ကြောင့် နှစ်သစ်တွင် နိုင်ငံသူ နိုင်ငံသားအားလုံး အဖျက်အမှောင့်အန္တရာယ်များမှ ကင်းဝေးပြီး မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေဟု အကြိမ်ကြိမ်ဆန္ဒပြုလိုက်ရပါသည်။ ။
- Log in to post comments