
နေပြည်တော် ဇန်နဝါရီ ၃
ကျောက်မဲမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် ငွေကျပ် ၇၇၄ သိန်းတန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်းဆိုဒီယမ်ဆိုင်ယာနိုက် ၁၄ တန်ကျော် ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် ညနေ ၆ နာရီ တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့အဝင် အိုရီယမ်တယ် တိုးဂိတ် အနီးတွင် သိန္နီမှ မန္တလေးသို့ အောင်ဇော်ဦး မောင်းနှင်ပြီး သန်းဝင်း လိုက်ပါ လာသည့် NISSAN ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ် တွင် ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် ၆ ဒသမ ၉ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာ ၃၁ ရက် နံနက် ၆ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် လားရှိုး-မန္တလေးသွားကားလမ်း မိုင်တိုင် အမှတ် (၄၇/၄၈) ကြားတွင် နောင်ချိုမှ ပြင်ဦးလွင်ဘက်သို့ ရန်ဖြိုးအောင် (ခ) မောင်ကြီး မောင်းနှင်ပြီး ထက်အာကာ (ခ)ကိုထက် လိုက်ပါလာသည့် NISSAN ၆ ဘီး မော်တော်ယာဉ်ကို ရှာဖွေရာ အလားတူ ထိန်းချုပ် ဓာတုပစ္စည်းဆိုဒီယမ် ဆိုင်ယာနိုက် ၇ ဒသမ ၁၅ တန် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ် ၇၇၄ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် ၁၄ တန်ကျော် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ လေးဦးအား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်