အမိန့်ကြော်ငြာစာများ ထုတ်ပြန်ကြေညာ

 

 

နေပြည်တော်   ဇန်နဝါရီ   ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိယတ္တိ ဝန်ဆောင်စာချ ဆရာတော်များ၊ ဝိပဿနာဓုရပဋိပတ္တိဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်း၊   ပြည်ပသာသနာပြုပုဂ္ဂိုလ်များ၊   ဗုဒ္ဓသာသနာတော်ကို  ပစ္စည်းလေးပါးတို့ဖြင့်  ထူးခြားစွာ ထောက်ပံ့လှူဒါန်းနေကြသည့်ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းအပ်နှင်းခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂) ဖြင့်လည်းကောင်း၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂) ဖြင့်လည်းကောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ 
သတင်းစဉ်