မော်လမြိုင်မြို့၌ နှစ်သစ်ကူးရုံးပိတ်ရက် ဘုရား၊ စေတီများနှင့် ညဈေးတန်းတို့၌ ပြည်သူများဖြင့် စည်ကားလျက်ရှိ

 

မော်လမြိုင်   ဇန်နဝါရီ     ၂


မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရှိ တန်ခိုးကြီးဘုရား၊ ပုထိုးစေတီ များ၌ နှစ်သစ်ကူးကာလ ဇန်နဝါရီ ၁ ရက်မှစတင်၍  ပိတ်ရက်များ အတွင်း ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူး ပြည်သူများ   လာရောက်ဖူးမြော် ကြည်ညို    ကုသိုလ်ယူလျက်ရှိ ပြီး (ဝဲပုံ)     ညပိုင်းတွင်လည်း ကမ်းနားလမ်းတစ်လျှောက်  ဈေး ဆိုင်တန်းတွင် ပြည်သူများ စည်ကား လျက်ရှိသည်။

 


မော်လမြိုင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကူးစက်မှုနှုန်း  သိသာ စွာ လျော့နည်းကျဆင်းမှုရှိသော်  လည်း ဟန့်တားထိန်းချုပ်နိုင်ရေး နှင့် ကိုဗစ်-၁၉ ကာလ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်  ယူနိုင်ကြစေရန် တန်ခိုးကြီး ဘုရား၊ ပုထိုးစေတီများတွင်  ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ပေးထားပြီးဖြစ် ကာ    ရဟန်းရှင်လူ  ပြည်သူများ  စိတ်အေးချမ်းသာစွာဖြင့်  ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်၍      ကုသိုလ်ကောင်းမှု    ဆောင်ရွက်မှုများရှိ       သကဲ့သို့   စိတ်လက်အပန်းဖြေစရာ မြို့တွင်း    ကမ်းနားလမ်းတစ်လျှောက်   ည ဈေးဆိုင်တန်းများတွင် ဝယ်ယူသူ များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


ဇာဖြူဝင်း (ပြန်/ဆက်)