
မောင်တာရာ
ဆည်ရေဖြင့်စိုက်ပျိုးထားသော စပါးစိုက်ခင်းများနှင့် ပဲတီစိမ်းစိုက်ခင်းများကို စိမ်းစိုနက်မှောင်သန်စွမ်း လျက် တွေ့မြင်ရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းသည့်ဒေသ၌ မိုးရာသီ မဟုတ်သော်လည်း အဆိုပါစိုက်ခင်းများသို့ ရေပေးဝေရန် သွယ်တန်း ထားသည့် မြောင်းမကြီးများတွင် ရေအပြည့်စီးဆင်း လျက်ရှိသည်ကို တွေ့မြင်ရသည်။ တောင်သူများက ထိုရေကို ရေပိုက်များဖြင့် ရယူကာ စိုက်ခင်းများကို ရေသွင်း၍ စိုက်ပျိုးနေကြခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှ မြို့နယ်တွင် မူးမြစ်ကို တမံပြုလုပ် ရေလှောင်သည်။ နှစ်စဉ် ရေပေးဝေနေသော သဖန်းဆိပ်ဆည် ရေလှောင်တမံမှ ဆည်ရေရယူကာ စိုက်ပျိုးဖြစ်ထွန်း နေခြင်းဖြစ်သည်။
သဖန်းဆိပ်ဆည်မှ ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်း၊ ဘုတလင်၊ အရာ တော်၊ ရေဦးနှင့် စစ်ကိုင်း ၁၀ မြို့နယ်ရှိ စိုက်ဧကများ ကို စိုက်ပျိုးရေပေးဝေလျက်ရှိသည်။
သဖန်းဆိပ်ဆည်မှ မိုးစပါး စိုက်ဧက ငါးသိန်းနှင့် နွေစပါး စိုက်ဧက သုံးသိန်းကျော်ကို ရေပေးခြင်း အပြင် ၁၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ် စက်သုံးလုံးဖြင့် ၃၀ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားထုတ် လုပ်မှုကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရ သည်။
အလျားအရှည်ဆုံး ရေလှောင်တမံ
၁၉၉၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ပြီးစီးခဲ့သည့် သဖန်းဆိပ် ရေလှောင်တမံ သည် အရှေ့တောင်အာရှ၌ တမံအလျားအရှည်ဆုံး ရေလှောင်တမံများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ရေဆင်းဧရိယာ စတုရန်းမိုင် ၃၄၆၀၊ နှစ်စဉ် ပျမ်းမျှ မိုးရေချိန် ၃၇ ဒသမ ၉၁ လက်မ၊ နှစ်စဉ် ပျမ်းမျှ စီးဝင်ရေ ဧကပေ ၃၅၃၄၀၀၀၊ တမံအမြင့် ၁၀၈ ပေ၊ တမံအလျား ၂၂၅၈၇ ပေ ရှိသည်။ ကန်ရေပြည့် ရေလှောင်ပမာဏ ဧကပေ ၂၈၈၀၀၀၀၊ ကန်ရေသေ ရေလှောင်ပမာဏ ဧကပေ ၉၅၈၀၀၀၊ ကန်ရေပြည့် ရေပြင်ကျယ်ဧရိယာ ဧက ၁၀၆၂၀၀ ၊ ကန်ရေပြည့် အမှတ် ၅၄၅ ပေဖြစ်ကြောင်း သိရသည်။
သဖန်းဆိပ်ရေလှောင်တမံ အပါအဝင် နိုင်ငံ တစ်ဝန်းတွင် ရေလှောင်တမံ ၂၄၅ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခုနှင့် မြစ်ရေတင် ၂၁၀၊ စုစုပေါင်း ဆည်မြောင်းအဆောက်အအုံ ၈၇၀ ကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် တည်ဆောက်ထိန်းသိမ်းကာ နှစ်စဉ် မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံ ဧက ၂၄ သိန်းခန့် အတွက် စိုက်ပျိုးရေပေးဝေလျက်ရှိသည်။
စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ရန် မရှိ မဖြစ်လိုအပ်သည့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများ ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ် လျော့ပါးသက် သာစေရေး၊ ရေရှည်တည်တံ့သော ရေအသုံးချမှု ဖြစ်စေရေး၊ မြို့ရွာများနှင့် စိုက်ပျိုးပြီးသီးနှံများ ရေကြီးနစ်မြုပ်မှုမရှိစေရေးအတွက် ရေဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒေသ စိမ်းလန်းစိုပြည်ရေးနှင့် သောက်သုံးရေရရှိရေး အတွက် ဆည်ငယ်၊ ကန်ငယ်များပြုပြင်တူးဖော်ခြင်း နှင့် သောက်သုံးရေ စက်ရေတွင်းများတူးဖော်ခြင်း စသည့် လုပ်ငန်းစဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း မိုးရွာသွန်းမှုနည်းပါးခဲ့ပြီး ဆည်၊ တမံ ၂၃၅ ခုတွင် ရေဝင်ရောက်မှု နည်းပါး ခဲ့သည်။ ထို့ကြောင့် နွေစပါးရာသီတွင် အဆိုပါ ဆည်၊ တမံများမှ နွေစပါး ဧက ၃၆၉၉၀၀ နှင့် အခြားသီးနှံ ၉၉၃၅၇ ဧက၊ စုစုပေါင်း ၄၆၉၂၅၆ ဧကကိုသာ စိုက်ပျိုးရေပေးဝေနိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှုများပြား သဖြင့် ဆည်၊ ကန်များအတွင်း ရေဝင်ရောက်မှုမှာ ယခင်နှစ်ကထက် ပိုမိုခဲ့သည်။ ဆည်မြောင်းနှင့် ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားရှိ သော ရေလှောင်တမံ ၂၄၅ ခုအနက် ရေပြည့် ရေလှောင်ပမာဏအထိ သိုလှောင်ထားနိုင်သည့် တမံပေါင်း ၃၀ အထိ ရှိလာပြီး ကန်ရေပြည့်ရေလှောင် ပမာဏ၏ ၇၅ ရာခိုင်နှုန်းနှင့်အထက် သိုလှောင်နိုင် သည့် ဆည်ပေါင်း ၁၂၁ ခုနှင့် ၇၅ ရာခိုင်နှုန်းအောက် သိုလှောင်နိုင်သည့် ဆည်ပေါင်း ၉၄ ခုအထိ ရှိလာ သည်။
ရေပိုမိုသိုလှောင်နိုင်ခဲ့
၂၀၂၀ ပြည့်နှစ်ကာလနှင့် နှိုင်းယှဉ်ပါက ရေ လှောင်တမံ စုစုပေါင်း ၂၄၅ ခုတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက် သိုလှောင်ရေသည် ၂၀၂၀ ပြည့်နှစ် သိုလှောင်ရေပမာဏထက် ၂၇ ဒသမ ၆၄ ရာခိုင်နှုန်း ခန့် ပိုမိုသိုလှောင်နိုင်ခဲ့သည်။ တစ်နိုင်ငံလုံးရှိ ဆည်၊ တမံများ၏ ယခုလက်ရှိ ရေလှောင်ပမာဏမှာ စုစုပေါင်း ဧကပေ ၁၂ သန်းနီးပါးရှိသည်။
ဆည်၊ တမံများတွင် သိုလှောင်ထားသည့် ရေ ပမာဏအရ ယခုလာမည့် နွေစပါးစိုက်ရာသီတွင် နွေစပါး ၉၆၀၀၃၆ ဧကနှင့် အခြားသီးနှံ ၂၆၃၉၉၃ ဧက စုစုပေါင်း ၁၂၂၄၀၂၉ ဧက အတွက် စိုက်ပျိုးရေ ပိုမိုတိုးတက် ပေးဝေနိုင်တော့မည်ဖြစ်သည်။
ဆည်၊ ကန်၊ ရေလှောင်တမံများ၌ ၂၀၂၀-၂၀၂၁ ခုနှစ်ကထက် နွေစပါး ၄၀၁၉၃၈ ဧကနှင့် အခြား သီးနှံ ၁၄၅၃၅၂ ဧက စုစုပေါင်း ဧက ၅၄၇၂၉၀ ပိုမို တိုးတက်စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက် ရှိသည်။
၂၀၂၁ မိုးရာသီကာလတွင် တမံအတွင်းသို့ စီးဝင်ရေ ဧကပေ ၂၇၉၀၀၀၀ ကျော် ရှိခဲ့သဖြင့် မိုးစပါးစိုက်ဧက ၄၈၁၀၀၀ ကျော် အောင်ရေရ သည်အထိ စိုက်ပျိုးရေ အပြည့်အဝ ပေးဝေနိုင်ခဲ့ပြီး ယခုလက်ရှိတွင် လက်ကျန်ရေပမာဏ ဧကပေ ၂၁၇၀၀၀၀ ကျော် ကျန်ရှိသည့်အတွက် လာမည့်နှစ် နွေကာလတွင် နွေစပါး ဧက ၂၇၃၀၀၀ ကျော်နှင့် အခြားသီးနှံ ဧက ၇၅၀၀၀ စုစုပေါင်း ဧက ၃၄၈၀၀၀ ကို စိုက်ပျိုးရေပေးဝေနိုင်ရန် လျာထားပြီးဖြစ်ရာ ယခင်နှစ်ကထက် ဧက ၃၀၆၆၇၀ ကို ပိုမို၍ စိုက်ပျိုး ရေပေးဝေနိုင်မည်ဖြစ်သည်။
ထို့ပြင် ရေတံခါးများမှ နွေစပါးနှင့် အခြားသီးနှံ စိုက်ပျိုးမှုများမှာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၂၅၈၁၁၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၂၆၁၉၃၇ ဧက စိုက်ပျိုးနိုင်မည်ဖြစ်သဖြင့် ၃၈၂၁ ဧက ပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြစ်ရေတင်လုပ်ငန်းများအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် နွေစပါးနှင့် အခြားသီးနှံ ၄၉၉၉၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၆၆၉၂၉ ဧကစိုက်ပျိုးရန် လျာထားသဖြင့် နွေစပါးနှင့် အခြား သီးနှံ စုစုပေါင်း ၁၆၉၃၆ ဧက ပိုမိုစိုက်ပျိုးနိုင်မည် ဖြစ်သည်။
၂၀၂၁ မိုးရာသီတွင် ဆည်၊ ကန်များအတွင်း ရေဝင်ကောင်းမှုကြောင့် လာမည့် နွေရာသီတွင် စိုက်ပျိုးရေ၊ သောက်သုံးရေကို ယခင်နှစ်ကထက် ပိုမိုလုံလောက်ပြည့်မီစွာ ပေးဝေနိုင်မည်ဖြစ်သည်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် တမံများအတွင်း ဝင်ရောက်လာသည့် ရေကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ရေလေလွင့်ဆုံးရှုံးမှု လျော့နည်းသက်သာစေရန် ရေပေးအဆောက်အအုံများပြုပြင်ခြင်း၊ ရေပေးဝေမှု လုပ်ငန်းများတွင် ရေအသုံးချသူ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရေအသုံးချသူများအဖွဲ့ (WUG)များ ဖွဲ့စည်းပေးပြီး ရေပေးဝေရေးလုပ်ငန်း များတွင် ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်ခြင်း တို့ကို စနစ်တကျ စီမံလုပ်ဆောင်လျက်ရှိသည်။
သုံးသီးစား စိုက်ပျိုးလာနိုင်
စိုက်ပျိုးရေလုံလောက်စွာ ရရှိသည့်အတွက် မိုးကိုမျှော်ကာ သမားရိုးကျ စိုက်ပျိုးနေခဲ့ကြရာမှ နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံတို့ဖြင့် သုံးသီးစား စိုက်ပျိုးလာနိုင်သည့်အတွက် ဒေသဝမ်းစာဖူလုံ အောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန ဝန်ထမ်းများနှင့် တောင်သူများ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့သဖြင့် ဒေသခံတောင်သူ များသည် ဆည်ရေကို စနစ်တကျ ရယူသုံးစွဲသည့် အလေ့အထကောင်းများ ရလာပြီး ထိုမှတစ်ဆင့် ပိုမိုတိုးတက်ကောင်းမွန်သော ခေတ်မီစိုက်ပျိုးနည်း စနစ်များကို အသုံးပြု၍ စိုက်ပျိုးလာနိုင်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုလာမည်ဖြစ်သည်။
ထို့ပြင် ဒေသဝမ်းစာဖူလုံရေး၊ ဒေသခံတောင်သူ များ၏ လူနေမှုဘဝမြင့်မားရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်နိုင်လာ တော့မည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါ သည်။ ။
- Log in to post comments