
ကော့ကရိတ် ဇန်နဝါရီ ၂
ကရင်သက္ကရာဇ် ၂၇၆၁ ခုနှစ် ပြာသိုလဆန်း ၁ ရက် တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့အခမ်း အနားနှင့် ကရင်ရိုးရာကောက်သစ်စားပွဲကို ယနေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့ အမှတ် (၁)ရပ်ကွက် ချောင်းတောင်ရပ် ဖီဗူးယော်ကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို အဆိုပါကွင်း၌ ကျင်းပရာ ကျွဲချိုမှုတ်၍ ဖားစည် တီးကာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ ရေးကော်မတီအဖွဲ့ဝင်တစ်ဦးက ကရင်အမျိုးသား အလံတော်ကို လွှင့်တင်ပေးရာ တက်ရောက်လာသူ များက အလေးပြုကြသည်။
ထို့နောက် တက်ရောက် လာသူများက ကရင်ဘာသာဖြင့် စည်းလုံးခြင်းသည် အင်အားဟု အဓိပ္ပါယ်ရသော (အောဟုအောဟောင်) သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး သဘာ ပတိ ဦးကျော်ဝင်းက နှစ်သစ်ကူး မင်္ဂလာနှုတ်ခွန်း ဆက်စကား ပြောကြားသည်။ ဆက်လက်၍ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးထံမှ ပေးပို့သော သဝဏ်လွှာကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ဖတ်ကြား သည်။
ထို့နောက် ကရင်ရိုးရာကောက်သစ်စားပွဲနှင့် ဖီဗူးယော်ပူဇော်ပွဲကို ကရင်လူမျိုးတို့၏ ရှေးခေတ် ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ကရင် နှစ်သစ်ကူးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ များ၊ ပျော်ပွဲရွှင်ပွဲများကျင်းပပြီး ညပိုင်းတွင် ကရင် တိုင်းရင်းသား လူငယ်မောင်မယ်များက ဒုံးယိမ်းအက များဖြင့် သီဆိုကပြဖျော်ဖြေကြကြောင်း သိရ သည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)