မော်လမြိုင်မြို့ ရွှေစေတီကျောင်းတိုက် မေတ္တာဝေစည် ရွှေပါရမီစေတီ ထီးတော်အထွတ်တင်လှူပူဇော်ပွဲကျင်းပ

 

မော်လမြိုင်   ဇန်နဝါရီ    ၁ 


မော်လမြိုင်မြို့ ရွှေစေတီကျောင်းတိုက် မေတ္တာဝေစည် ရွှေပါရမီစေတီတော်မြတ်ကြီးအား ထီးတော်တင်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ မြစေတီစာသင်တိုက်မှ ဦးစီးပဓာန နာယကဆရာတော် ဥူးဝိမလဗုဒ္ဓိ အပါအဝင် ပင့်ဖိတ်တော်မူသော ဆရာတော်ကြီးများ၊ မွန်ပြည်နယ် ဝန်ကြီး ချုပ် ဦးဇော်လင်းထွန်း၊  ပြည်နယ်ဝန်ကြီးများနှင့် စေတနာရှင်၊ အလှူရှင်များ တက်ရောက်သည်။ 

 


ရှေးဦးစွာ   ဆရာတော်၊   သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က      အခမ်းအနားကို နမောတဿ   သုံးကြိမ်ရွတ်ဆို၍    ဘုရားကန်တော့ ဖွင့်လှစ်ပေးပြီး မြစေတီဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူကာ  ပြည်နယ်ဝန်ကြီးချုပ်   ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီများနှင့် အလှူရှင်တို့က စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်    လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပေးပြီး ဆရာတော်၊သံဃာတော် တို့က မေတ္တသုတ်ပရိတ်တရားတော်များ ချီးမြှင့်ပေး သည်။ ထို့နောက် စေတီတော်မြတ်ကြီးအား စိန်ဖူး တော်၊   ငှက်မြတ်နားတော်နှင့်  ထီးတော်တို့အား  နတ်ရထားပျံဖြင့်    တင်မြှောက်ကပ်လှူပူဇော်ကြ သည်။

 


ဆက်လက်၍ ရွှေစေတီဆရာတော် ဘဒ္ဒန္တဓမ္မနန္ဒ ၏ သက်တော်(၅၀) ပြည့် ရွှေရတုမွေးနေ့ကုသိုလ် အလှူတော်မင်္ဂလာ  အခမ်းအနားကို  ကျင်းပရာ ပင့်ဖိတ်တော်မူသော       ဆရာတော်ကြီးများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်  အလှူရှင်များက  လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းမှုအပေါ် ဆရာတော် ကြီးများကသြဝါဒကထာ မြွက်ကြားပေးပြီး လှူဒါန်း မှု အစုစုတို့အတွက်  ရေစက်သွန်းချ  အမျှပေးဝေ ကြောင်း သိရသည်။            

ဇာဖြူဝင်း(ပြန်/ဆက်)