
ပင်းတယ ဇန်နဝါရီ ၁
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားနှင့် ကျေးဇူးရှင် ကုံလုံကျောင်းဆရာတော် ရုပ်ကလာပ် တော်ထားရှိရာ စဉ့်စံကျောင်းတော်ကို ဇန်နဝါရီ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ် ပြီဖြစ်ကြောင်း သိရသည်။
အနေကဇာတင်
ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား ဖွင့်လှစ်ရာတွင် ဗုဒ္ဓရုပ်ပွားတော်များနှင့်စေတီပုထိုးများကို မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် အရှင်စန္ဒော ဘာသနှင့် ဆရာတော်များက အနေကဇာ တင်ကြပြီးနောက် ဘုရားအပေါ်ပစ္စယံ ရင်ပြင်တော်၌ ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များက မြို့နယ်သံဃနာယကဆရာတော် နှင့် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်သည်။
ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားနှင့် စဉ့်စံကျောင်းတော်တို့ကို ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၇ ရက်မှစ၍ ပိတ်ထားခဲ့ရာမှ ယနေ့မှ စတင်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကာ ပြည်သူများအနေဖြင့် ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ လာရောက် ဖူးမြော်နိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)