အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (၂၅)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၃၀


အသေးစားနှင့်    အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၏ ၂၀၁၉-၂၀၂၀ နှင့်   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်များအတွက်  တပေါင်း တည်းကျင်းပသည့်    (၂၅)ကြိမ် မြောက်  နှစ်ပတ်လည် အထွေထွေ  အစည်းအဝေးကို  ဒီဇင်ဘာ  ၂၉ ရက်  နံနက်ပိုင်းက  ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ     Novotel Yangon  Max တွင် ကျင်းပသည်။


ရှေးဦးစွာ  SMED Bank ၏ နာယက      ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေက    အဖွင့် အမှာစကား    ပြောကြားပြီး 
ဘဏ်ဒါရိုက်တာ    အဖွဲ့ဝင် တစ်ဦးက ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်များအတွက် နှစ်ပတ်လည်    အစီရင်ခံစာနှင့် ဘဏ္ဍာရေး    ရှင်းတမ်းများကို ဖတ်ကြားသည်။


ယင်းနောက်    နှစ်ပတ်လည် အစီရင်ခံစာနှင့်     ဘဏ္ဍာရေး ရှင်းတမ်းများကို   သဘာပတိက  တက်ရောက်လာသူများနှင့်  အစု ရှယ်ယာရှင်များ၏  သဘောထား ကို မေးမြန်းခြင်း၊ ပြင်ပစာရင်း စစ်ဖြစ်သည့်    V ADVISORY LIMITED က  ဘဏ္ဍာရေးရှင်းတမ်း များအပေါ်  စာရင်းစစ်  အစီရင် ခံစာကို ဖတ်ကြားရှင်းလင်းတင်ပြ ခြင်း၊ ဘဏ်၏ သင်းဖွဲ့စည်းမျဉ်းပါ စာပိုဒ် ၅ ၊ ၈၀ ၊ ၈၁၊ ၈၄ တို့ကို ပြင်ဆင်ခြင်းအတွက်  ဒါရိုက်တာ အဖွဲ့ဝင်က  ရှင်းလင်းတင်ပြခြင်း၊ နာယက     အမည်စာရင်းကို ကြေညာအတည်ပြုခြင်း၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်    ဒါရိုက်တာ အဖွဲ့ဝင်များ၏  အမည်စာရင်းကို ကြေညာ၍  သဘာပတိက အစု ရှယ်ယာရှင်များ၏ သဘောထား ကို မေးမြန်းကာ  သဘောတူညီမှု ရှိ၊ မရှိ သုံးကြိမ်မေးမြန်း အတည် ပြုပေးသည်။


ထို့နောက်   အစုရှယ်ယာရှင် များ၏  အကြံပြုချက်၊  မေးမြန်း ချက်များကို  ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး   ဘဏ်၏ဥက္ကဋ္ဌ သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းရီက နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်