
ဘားအံ ဒီဇင်ဘာ ၃၀
ကရင်ပြည်နယ် ဘားအံမြို့နယ် သံလှယ်ကျေးရွာ သံလှယ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ ရေပေးဝေနိုင် သည့် အကျိုးပြုဧရိယာအားလုံးတွင် ဒေသခံတောင်သူ များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ရာနှုန်းပြည့် စိုက်ပျိုးလုပ်ကိုင်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်က အဆိုပါမြစ်ရေတင် ရှင်းလင်းဆောင်၌ ပြုလုပ်သည့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တောင်သူများ တွေ့ဆုံပွဲမှ သိရသည်။
သံလှယ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းတွင် အကျိုး ပြု ဧရိယာဧက ၈၀၀ ရှိပြီး မိုးရာသီတွင် ရေဖုံးလွှမ်း၍ တောင်သူများ စိုက်ပျိုးလုပ်ကိုင်၍မရဘဲ ရေကျ နောက်စိုက်နှင့် နွေစပါးကိုသာ အဓိကထား စိုက်ပျိုး လုပ်ကိုင်ကြကာ ယခုနှစ်တွင် ဧက ၆၀၀ ခန့်ကို နွေစပါးနှင့် ဧက ၂၀၀ ခန့်ကို နှမ်း၊ ပဲအမျိုးမျိုးအစ ရှိသည့် အခြားသီးနှံများ စိုက်ပျိုးလုပ်ကိုင်မည် ဖြစ် သည်။ မျိုးစပါးနှင့် ဓာတ်မြေဩဇာများ ဖြန့်ဝေပေး ထားပြီး စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအစရှိသည့် ဌာနဆိုင်ရာများက တောင်သူ များ၏ လိုအပ်ချက်အခက်အခဲများကို ကူညီဆောင် ရွက်ပေးလျက်ရှိသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တောင်သူများ တွေ့ဆုံ ရာတွင် ဘားအံခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များက အကျိုးပြုဧရိယာ ရာနှုန်းပြည့်စိုက်ပျိုး လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ထားမှုများ၊ စက်မှု လယ်ယာဌာနနှင့် တောင်သူများပူးပေါင်း၍ မြေယာ ပြင်ဆင်နေမှုများစသည်တို့ကို ရှင်းလင်းတင်ပြပြီး သံလှယ်ကျေးရွာနှင့် ကော့ပန်ကုန်းကျေးရွာတို့မှ တောင်သူများက ရေသွင်း၊ ရေထုတ်မြောင်းများနှင့် ကုန်ထုတ်လမ်းလိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် စိုက်ပျိုး ရေးဦးစီးဌာန၏ သံလှယ်မြစ်ရေတင်ဧရိယာအတွင်း RS-CS မျိုးစေ့ထုတ်စိုက်ခင်း ငါးဧက၌ သံလှယ် မြစ်ရေတင်ဧရိယာအတွင်း နွေစပါးစိုက်တောင်သူများ နှင့် တွေ့ဆုံခဲ့ပြီး မြစ်ရေတင်ဧရိယာအတွင်း ရေသွင်း ရေနုတ်မြောင်းအဖြစ် အသုံးပြုလျက်ရှိသော မရမ်း ချောင်းကို အလျားပေ ၆၀၀၀၊ အနက် ၉ ပေ၊ အကျယ် ပေ ၃၀ ပြန်လည်တူးဖော်နေမှုနှင့် အမှတ်(၉)လက်တံ မြောင်းထိပ်၌ ဒေသခံတောင်သူများနှင့် ဘားအံမြို့နယ်မျိုးစေ့ထုတ်အသင်းတို့က နွေစပါးစိုက်ပျိုးရန် မြေယာပြင်ဆင်နေမှုများကို ကြည့်ရှုအားပေးသည်။
စောမျိုးမင်းသိန်း
(ပြန်/ဆက်)