
ရန်ကုန် ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)မှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား တရုတ်နိုင်ငံ ထုတ် ဆီနိုဗက်အမျိုးအစား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ဒုတိယအကြိမ်အဖြစ် တာမွေမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဒီဇင်ဘာ ၂၉ ရက်က ထိုးနှံပေးသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် ပညာ ရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ထိုးနှံပေးခြင်းဖြစ်ကာ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)မှ ဆရာ ဆရာမများ၊ မြို့နယ် ကြက်ခြေနီအသင်းဝင်များနှင့် လူမှုကူညီရေး အသင်းဝင်များကလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
တာမွေမြို့နယ်ရှိ နားမကြားသောကလေး များကျောင်း (ရန်ကုန်)ကို ၂၀၁၄ ခုနှစ် ဇွန် ၉ ရက်က စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသား ၁၅ ဦးနှင့် ကျောင်းသူ ၁၃ ဦး စုစုပေါင်း ၂၈ ဦးကို ပညာသင်ကြားပေးလျက်ရှိသည်။
အဆိုပါကျောင်းမှ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူ ၁၁ ဦးအား နိုဝင်ဘာ ၃၀ ရက်က ပထမအကြိမ် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ယနေ့တွင် အဆိုပါ ကျောင်းသား ကျောင်းသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)