
နေပြည်တော် ဒီဇင်ဘာ ၃၀
နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀) အစည်းအဝေးခန်းမဆောင်-၂ ၌ ၂၀၂၀-၂၀၂၁ ပညာ သင်နှစ် အကူသူနာပြု(ပြင်ပ) ကိုးလ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး၊ ပါမောက္ခ များ၊ သူနာပြုအုပ်ကြီး၊ သူနာပြုအုပ်များ၊ သင်ကြား ရေးအဖွဲ့ဝင်များ၊ အဖွဲ့ဝင်များနှင့် သင်တန်းဆင်း အကူသူနာပြုများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးက အမှာစကား ပြောကြားပြီး ပါမောက္ခ ဒေါက်တာ ကျော်စွာ (ခွဲစိတ်)က သင်တန်းကြီးကြပ် ရေးအဖွဲ့ကိုယ်စား သင်တန်းဆင်း အမှာစကား ပြောကြားသည်။
ထို့နောက် သင်တန်းသင်ကြားရေးအဖွဲ့ တာဝန်ခံ သူနာပြုအုပ်ကြီး ဒေါ်စောရွှေက အမှာစကား ပြောကြားပြီး ဆုရရှိသူ သင်တန်းသူများအား ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အကူသူနာပြု သင်တန်းဆင်း ကျောင်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်