
နေပြည်တော် ဒီဇင်ဘာ ၃၀
ကရင်ပြည်နယ် လေးကေ့ကော် မြို့သစ်တစ်ဝိုက် ရောက်ရှိနေသည့် NUG နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်း ဆီးခဲ့ရာမှ စတင်၍ KNU/ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလား ပြီး NCA ကို ပျက်စီးစေလိုသည့် ခေါင်းဆောင်အချို့ ပါဝင်သော အဖွဲ့၊ NUG ၊ PDF အမည်ခံအကြမ်း ဖက်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ ဒီဇင်ဘာ ၁၅ ရက်မှစတင် ၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ ပြီး အဆိုပါဒေသမှ အပြစ်မဲ့ပြည်သူ များ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။
အဆိုပါ ဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှု ရှိသည့်အတွက် တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည် နေထိုင်နိုင်ရေးအတွက် အသံချဲ့ စက်များဖြင့် ကရင်ဘာသာ၊ မြန်မာ ဘာသာစကားများဖြင့် ပြန်လည်ဖိတ်ခေါ်ခြင်း၊ ထိုင်း- မြန်မာ နယ်ခြားကော်မတီများမှ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ခြင်းများကြောင့် ထွက်ပြေး တိမ်းရှောင်နေသူများ အနက်မှ ဒီဇင်ဘာ ၂၉ ရက်နှင့် ယနေ့တို့တွင် အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မယ် ထော်သလေးနှင့် မေတ္တာလင်းမြိုင် ကျေးရွာတို့တွင်နေထိုင်သူ အမျိုး သား ၂၀၇၆ ဦး၊ အမျိုးသမီး ၂၃၁၂ ဦး စုစုပေါင်း ၄၃၈၈ ဦးတို့သည် ၎င်းတို့နေရပ်သို့အသီးသီး ပြန်လည် ဝင်ရောက်လာကြောင်း သိရှိရ သည်။
အဆိုပါ ပြန်လည်ဝင်ရောက် လာသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ လက်ခံခဲ့ပြီး ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါစစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထား စာရွက် စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်း ပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာန ချုပ်မှ တာဝန်ရှိသူများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာ ရေးဆိုင်ရာ လိုအပ်ချက်များနှင့် အခြားလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်