တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအတွက် အမေရိကန်ဒေါ်လာ သုံးသိန်း လှူဒါန်း

 

နေပြည်တော်   ဒီဇင်ဘာ   ၃၀


လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အား ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌  လက်ခံ တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လတ်တလော တွင်    မဲခေါင်-လန်ချန်း အစီအစဉ်၏    ရန်ပုံငွေ ထောက်ပံ့မှုဖြင့် ရှမ်းပြည်နယ်အတွင်း မြို့နယ်ငါးခု၌  ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနှင့် သဘာဝဘေး  အသိပညာပေးစင်တာများ တည်ဆောက်လျက်ရှိပါ ကြောင်း၊   ဝန်ကြီးဌာနအနေဖြင့်    ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ ဘေးကို    ကြံ့ကြံ့ခံ   ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့် လူ့အသိုက်အဝန်းဖြစ်ပေါ်စေရေး    လူမှုကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများဖြင့်   ဆောင်ရွက် လျက်ရှိပါကြောင်း၊  ရှေ့လုပ်ငန်းစဉ်များတွင်လည်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ လူမှုသဟ ဇာတဖြစ်ရေးလုပ်ငန်းများ၊        နေပြည်တော်တွင် လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင် ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အရင်းအမြစ် ဗဟိုဌာန တည်ထောင်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ပြောကြားသည်။

 


ထို့နောက်  သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က တရုတ်နိုင်ငံအစိုးရကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်      ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အတွက်  အမေရိကန်ဒေါ်လာ သုံးသိန်း   လွှဲပြောင်း ပေးအပ်လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ယခုလှူဒါန်းမှု သည် မြန်မာနိုင်ငံ   ငြိမ်းချမ်းရေးဖော်ဆောင်မှုများ အတွက်   နှစ်စဉ်  အမေရိကန်ဒေါ်လာ   တစ်သန်း လှူဒါန်းမှု၏ အစိတ်အပိုင်းဖြစ်ပြီး ယခုအကြိမ်သည် (၆)ကြိမ်မြောက်ဖြစ်ပါကြောင်း  ပြောကြားသည်။

 


ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ကြီးက လွှဲပြောင်းပေးအပ်လှူဒါန်းသော အမေရိကန် ဒေါ်လာ    သုံးသိန်းအား  ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး   ဂုဏ်ပြုမှတ်တမ်းလွှာ    ပြန်လည် ပေးအပ်ခဲ့ကြောင်း  သိရှိရသည်။ 

သတင်းစဉ်