Institute of Animal Husbandry & Veterinary Science - 1985 BVS (၃၆)နှစ်မြောက် အထူးထုတ်မဂ္ဂဇင်းထုတ်ဝေ

 

နေပြည်တော်   ဒီဇင်ဘာ   ၃၀


Institute of  Animal Husbandry & Veterinary Science - 1985 BVS (၃၆)နှစ်မြောက် အထူးထုတ် မဂ္ဂဇင်း ထုတ်ဝေလိုက်ပြီဖြစ်သည်။
အဆိုပါ မဂ္ဂဇင်းစာအုပ်တွင်  (၃၆) နှစ်မြောက် ဂုဏ်ပြုကဗျာကဏ္ဍ၌    ကြည်မင်း ၏ လေးဆယ်ဝင် လွမ်းချင်း ကဗျာအပါအဝင်  ညီထွေးညို၊ မောင်စိုးထွန်း၊ မောင်ညမျှော်(ကနောင်)နှင့် ဗိုလ်မှူး တို့၏ ကဗျာ များ ပါဝင်သည်။ 

 


ထို့အတူ   အမှတ်တရ   ဆောင်းပါးကဏ္ဍတွင် စိုင်းစံအိုက်၏   ၇၆ ၏ အတွေးမျှင်၊   ပါမောက္ခ ဒေါက်တာမာမာကြည်၏ ကျောက်သွေးသမားများ၊ စန္ဒာ(ပဲခူး)၏ မွေးဆေးကျောင်းသူလှပျိုဖြူ၊ မောင်စိုး ထွန်း၏ ဆေးပညာမှသည် နိဗ္ဗာန်ဆီသို့၊ လင်းလင်း၏ ဟိုတုန်းက အမှတ်တရများနဲ့ ခုချိန်ခါ အစရှိသည့် ဆောင်းပါးများအပြင် ကြည်(ရန်ကုန်)၏ ရင်တွင်း၌ ဖြစ်တည်သော၊ မဆွေ၏ ကိုယ်ရံတော်တပ်မှူးကြီး၊ မိုးကိုကိုမောင်၏   အသက်ကယ်သည့်    အလှူ၊ ကြွေရွက်(ချင်းတောင်ခြေ)၏ မမေ့ချင်တဲ့ကဗျာများ အစရှိသည့် ကဗျာဆရာ ငါးဦး၏ ကဗျာစာပေမွန်များ ကို ဖတ်ရှုလေ့လာနိုင်ကြမည်ဖြစ်သည်။

 


English Section ကဏ္ဍတွင် Kyi Min ၊ Khin San Maw၊ Tint Naing 84 ၊ May Win Lwin တို့၏ လက်ရာမွန်များနှင့်အတူ         ဝတ္ထုရှည်ကဏ္ဍတွင် တမာမြေ မိုးမင်းဝင်း၏ မိုးအဆုံးမြေအထဲ သူ့ကိုပဲ အချစ်ဆုံးပါ၊ ကြည်ဇင်နှင်း၏ ပြေးလမ်းထဲက သက်လုံ၊ ချစ်ဝေး(ဧရာမြစ်ဝှမ်း)၏ အပျံသင်စ ငှက်တစ်ကောင် ၏ စွန့်စားခန်းများ၊   ခင်စန်းမော်၏   မွှေးမြနေဆဲ မွှေးနေဆဲကွယ် စသည့်ဝတ္ထုရှည်များကို ဖတ်ရှုခံစား နိုင်မည်ဖြစ်သည်။

 


 “၁၉၈၅ တွင် ဘွဲ့ရခဲ့သောအတန်းနှင့် ကျွန်တော် က အတော်ကြီးရေစက်ရှိ (အရပ်ပြောပြောရလျှင် ပဋ္ဌာန်းဆက်ရှိ) သည်ဟု ဆိုရမည်လားမသိပေ။ သူတို့ကျောင်းကို   တတိယနှစ်ကျောင်းသားများ အဖြစ်ဝင်လာချိန်တွင်    မွေးမြူရေးပညာဌာနမှ မွေးမြူရေးလက်တွေ့စီမံချက် (မြန်မာ Vet သမိုင်း တွင် ပထမဆုံး ကျောင်းသား Project ) စတင်သည် နှင့် ဆုံရသည်။ 

 


“၁၉၈၃ မေလတွင်   သူတို့ရော  ကျွန်တော်ပါ ရေဆင်းပြောင်းကြရသည်။ ရေဆင်းက မိသားစုကြီး တစ်စု။   ဆရာနှင့်   ကျောင်းသူကျောင်းသားတို့ မရှိအတူ   ရှိအတူနေထိုင်ကြရင်း   အပြန်အလှန် ဖေးကူကြသည့် နယ်မြေ။ ဤနယ်မြေတွင် ဆရာနှင့် တပည့်များ ထွေးရောယှက်တင် နေထိုင်ကြသည်မှာ မဆန်း။ အနုပညာကိစ္စများတွင်သာမက အားကစား ကိစ္စများတွင်ပါ   တာဝန်ယူရသူမို့  ကျွန်တော်က သူတို့နှင့် ပိုရင်းနှီးသည်” ဟု ပါမောက္ခဆရာကြီး ဒေါက်တာမောင်မောင်စံက    1985 BVS   တို့နှင့် ပတ်သက်၍  ၎င်း၏ ဥယျောဇဉ်တွင်   အမှတ်တရ စကားဆိုသည်။ 

 


ယင်းစာအုပ်တွင်   ကဗျာ၊   ကာတွန်း၊ ဓာတ်ပုံ မှတ်တမ်း၊ အမှတ်တရဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထု ရှည်ကဏ္ဍများအပါအဝင် English Section ကိုပါ  စုံစုံလင်လင်ဖတ်ရှုနိုင်မည့် 1985 BVS တို့၏ လှုပ်ရှားမှု ပုံရိပ်များစွာပါဝင်သည့် အမှတ်တရ မဂ္ဂဇင်းစာအုပ်  တစ်အုပ်ဖြစ်သည်။   ထို့ပြင်   ယခုထုတ်ဝေသည့် မဂ္ဂဇင်းသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ထုတ်ဝေခြင်းမဟုတ်ဘဲ တိရစ္ဆာန်ဆေးကုဆရာဝန် လောက၏ ပထမဆုံးအဖြစ်ထုတ်ဝေသည့် “အတန်း မဂ္ဂဇင်း” စာအုပ်ဖြစ်ပြီး   စာမူရှင်တို့၏ အကြောင်း အရာအမျိုးမျိုး၊ ဘဝအတွေ့အကြုံအဖုံဖုံကို လေ့လာ သိရှိခံစားနိုင်ကြမည်ဖြစ်သည်။

 


အဆိုပါ   မဂ္ဂဇင်းစာအုပ်ကို   ဝယ်ယူလိုပါက ဒေါက်တာခင်စန်းမော်၊   ဖုန်း - ၀၉ ၅၁၁၈၀၅၂  သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

မြန်မာ့အလင်း