
အာမခံအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများအပါအဝင် လိုအပ်သည့် အခန်းကဏ္ဍများတွင် ပါဝင်ပူးပေါင်း
မန္တလေး ဒီဇင်ဘာ ၂၉
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဆေးရုံကြီး(မန္တလေး) အစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီး၊ ဆရာဝန်၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင် နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရ သည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီ သော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင် ရန်လိုကြောင်း၊ အာမခံအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများ အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သည့် အခန်းကဏ္ဍများ တွင် ပါဝင်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်ကို ဖြည့်ဆည်းပေး သွားမည်ဖြစ်ကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/ လေလွင့်ဆေးများမဖြစ်စေရန် စီမံ ခြင်း၊ ဆေးရုံလုံခြုံရေး အလေးထားဆောင်ရွက်ရန် လိုကြောင်း။
ပိုမိုထိရောက်အောင် ဆောင်ရွက်
လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက် ဖြစ်သည့် ကောင်းမွန်သော ဆေးကုသမှုဝန်ဆောင်မှု ကို ပေးအပ်နိုင်ရန်နှင့် ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ကြောင်း မှာကြား သည်။
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခေတ္တ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး နှာခေါင်းစည်း (Mask)များ ပေးအပ်သည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာနသို့ လာရောက်ပြသသည့် ပြင်ပလူနာများအား နှုတ်ဆက် အားပေးပြီး ဆေးဝါးကုသပေးနေမှုများ၊ အတွင်း လူနာကုသပေးသည့် ကုသဆောင်များ၊ ကိုဗစ်-၁၉ စောင့်ကြည့်လူနာများထားရှိသည့် ကုသဆောင်များ နှင့် ပြင်ပလူနာဌာနများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်