ပြောင်းလဲတိုးတက်နေသည့် ဆေးဘက်ဆိုင်ရာနည်းပညာရပ်များကို သိရှိနားလည်ပြီး လက်တွေ့အသုံးချနိုင်သူများဖြစ်ရန် စဉ်ဆက်မပြတ် လေ့လာသင်ယူ

ခေတ်မီတပ်မတော် တည်ဆောက်ရာတွင် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝပြီး သူနာပြုနှင့်  ဆေးဘက်ပညာဆိုင်ရာ  
အထူးကျွမ်းကျင်သူများဖြစ်လာစေရေး  မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားအားထုတ်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၇


တပ်မတော်သူနာပြုနှင့်  ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့်    ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၉)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ  မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။


အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်   မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးစည်သူ မောင်မောင်ကျော်၊    ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီး များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊    ရန်ကုန်မြို့တော်ဝန်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။                  

 

 


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မဟာသရေ စည်သူ မင်းအောင်လှိုင်က သင်တန်းတပ်ခွဲ များ၏       အလေးပြုခြင်းကို   ခံယူပြီး ကျောင်းဆင်းတပ်ခွဲအား  စစ်ဆေးသည်။ ထို့နောက်      သင်တန်းတပ်ခွဲများက တပ်မတော်      ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး     မဟာသရေစည်သူ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန် လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။


ပေးအပ်ချီးမြှင့်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်က တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့်    ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၁၉)မှ အကောင်းဆုံး သင်တန်းသားဆုရရှိသူ    သင်တန်းသား မင်းကိုကိုခန့်၊   လေ့ကျင့်ရေးထူးချွန်ဆု ရရှိသူ    သင်တန်းသား   ကျော်တိုးနှင့် စာပေထူးချွန်ဆုရရှိသူ    သင်တန်းသား ဟိန်းသက်စိုးတို့အား    ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်သည် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း        အမှတ်စဉ်(၆)မှ အကောင်းဆုံး     သင်တန်းသူဆုရရှိသူ သင်တန်းသူ   သဉ္ဇာထွေး၊  လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ သင်တန်းသူ အေးအေးမျိုး နှင့် စာပေထူးချွန်ဆုရရှိသူ သင်တန်းသူ ဇွန်ဖူးငုံတို့အား ဆုများ အသီးသီးပေးအပ် ချီးမြှင့်သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး  မဟာသရေ စည်သူ မင်းအောင်လှိုင်က သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင်    “ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်မည့် အမျိုးသား တပ်မတော်အတွက် လိုအပ်သော လက်ရုံး ရည်၊ နှလုံးရည် ပြည့်ဝသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများ၊     ဆေးဘက် ပညာသည်များ မွေးထုတ်ပေးရန်’’ဟူသည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၏     ရည်ရွယ်ချက်နှင့်အညီ  လေ့ကျင့်သင်ကြားပေးလျက်ရှိရာတွင် သူနာပြုပါရဂူဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာနည်းပညာမဟာသိပ္ပံဘွဲ့၊     ဆေးပညာ သင်ကြားရေး    ဘွဲ့လွန်ဒီပလိုမာဘွဲ့၊ သူနာပြုသိပ္ပံဘွဲ့၊   ဆေးဝါးကျွမ်းကျင်မှု သိပ္ပံဘွဲ့၊    ဆေးဘက်ဆိုင်ရာနည်းပညာ သိပ္ပံဘွဲ့နှင့်    သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး)ရရှိသူ   စုစုပေါင်း   ၅၀၀၀   ကျော်ကို အောင်မြင်စွာ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ ပြီးဖြစ်ကြောင်း။


သင်ကြားပေးခဲ့ပြီးဖြစ်


အမိတက္ကသိုလ်မှ   စစ်မြေပြင်တွင် ခြေလျင်တပ်စုတစ်စုကို ဦးဆောင်တိုက်ပွဲ ဝင်နိုင်စေရန် စစ်ပညာရပ်များကို လေ့ကျင့် ပေးခဲ့သကဲ့သို့ ဆေးပညာရပ်တွင်လည်း စစ်မြေပြင်သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာကျွမ်းကျင်သူ  ပညာရှင်များ ဖြစ်သည်အထိ  စာတွေ့လက်တွေ့သင်ကြား ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သင်ကြား ပေးသည့်   ပညာရပ်များကို   လက်တွေ့ လုပ်ငန်းခွင်မှ ရရှိလာမည့်အတွေ့အကြုံ များနှင့် ပေါင်းစပ်ပြီး “ကျွမ်းကျင်ကူညီ ဆေးစစ်သည်”ဆိုသည့်   ဆောင်ပုဒ်နှင့် အညီ တပ်မတော်သားမိသားစုဝင်များ၊ တိုင်းရင်းသား      ပြည်သူလူထုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကို အပြည့်အဝ ဆောင်ရွက်ပေးသွားကြရ မည်ဖြစ်ကြောင်း။


မိမိတို့တပ်မတော်   လျှောက်လှမ်းခဲ့ သည့်     သမိုင်းစဉ်တစ်လျှောက်တွင် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် တပ်မတော်သား သူနာပြုများသည် အထက်မှပေးအပ်သည့် တာဝန်၊ ဝတ္တရားများကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ကြကြောင်း၊ နိုင်ငံတော် ၏ အချုပ်အခြာအာဏာနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် စစ်ဆင်ရေးပေါင်းများစွာတွင် တပ်မတော် သား    သူနာပြုများသည်  ဆေးအကာ အကွယ်ပေးရေး တာဝန်များကို စွန့်စွန့် စားစား   လိုက်ပါထမ်းဆောင်ခဲ့ကြပြီး စစ်ဆင်ရေးတာဝန်ကို ရဲစွမ်းသတ္တိအပြည့် ဖြင့်     တာဝန်ထမ်းဆောင်ခဲ့ကြသဖြင့် စစ်ဘက်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူး ဆောင်လက်မှတ်များဖြစ်သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏   သူရဲကောင်း လက်မှတ်ရရှိသူ တစ်ဦး၊ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ကိုးဦး ရှိခဲ့ပြီးဖြစ်ကြောင်း။
ထို့ပြင် ကမ္ဘာ့သူနာပြုလောကတွင် အမြင့်ဆုံးဆုဖြစ်သော မြန်မာ့ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရှင်    ဗိုလ်မှူး ဒေါ်ခင်အုန်းမြသည်လည်း သူနာပြုအတတ် ပညာစွမ်းရည်ဖြင့် တပ်မတော်နှင့် နိုင်ငံ့ ဂုဏ်ကို   မြှင့်တင်နိုင်ခဲ့ကြောင်း၊  ထိုသို့ စွမ်းရည်ရှိသည့်     တပ်မတော်သူနာပြုများ၏   စွမ်းဆောင်မှု များကို  စံနမူနာယူပြီး ကောင်းမြတ်သည့် သူနာပြု    အစဉ်အလာကောင်းများကို  ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွား ကြရန် မှာကြားလိုကြောင်း။


မိမိတို့နိုင်ငံအနေဖြင့်    ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို    အခြားနိုင်ငံများ နည်းတူ ခံစားရချိန်တွင် တပ်မတော်သား များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်   ငွေအား၊  လူအား၊ စိတ်ဓာတ်ခွန်အားများဖြင့်      ရသမျှ အထောက်အကူပြုပစ္စည်းမျိုးစုံကို အသုံး ပြုပြီး  အစွမ်းကုန်   ကြိုးပမ်းဆောင်ရွက် ခဲ့ကြကြောင်း၊ ထိုသို့ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် တပ်မတော် ဆေးမှူးပါရဂူ     ဆရာဝန်များနှင့်အတူ သူနာပြု      တပ်ဖွဲ့ဝင်များသည်လည်း ရှေ့တန်းကျကျ  ပါဝင်ထမ်းဆောင်ခဲ့ကြ ကြောင်း။


တီထွင်ကြံဆလုပ်ဆောင်


အချိန်နှင့်အမျှ   ပြောင်းလဲတိုးတက် နေသည့် အနောက်တိုင်းဆေးပညာရပ် များကို    လေ့လာဆည်းပူးနေသကဲ့သို့ မြန်မာ့တိုင်းရင်းဆေး    ပညာရပ်သည် လည်း အများပြည်သူ  အားကိုးအားထားရ သည့်     ပညာရပ်တစ်ခုဖြစ်ခြင်းကြောင့် ခေတ်မီနည်းပညာရပ်များနှင့် ပေါင်းစပ် ထုတ်လုပ်နိုင်ရေး တီထွင်ကြံဆ လုပ်ဆောင် နေရမည်ဖြစ်ကြောင်း။  


တိုင်းရင်းဆေးဝါး   ဖော်စပ်မှုအပိုင်း တွင်လည်း စစ်မှန်ပြီး အရည်အသွေးပြည့်ဝ သည့် တိုင်းရင်းဆေးကုန်ကြမ်းပစ္စည်းများ ကို  ရွေးချယ်အသုံးပြုခြင်းနှင့် ဆေးဝါး အရည်အသွေးကို  ထိန်းသိမ်းနိုင်စေရန် အတွက်      ဖော်စပ်မှုအဆင့်တိုင်းတွင် အရည်အသွေးဆိုင်ရာ  ဓာတ်ခွဲစမ်းသပ် ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ “နွယ်မြက်သစ်ပင်     ဆေးဖက်ဝင်၏” ဟူသည့် ဆိုရိုးစကားအတိုင်း မိမိတို့နိုင်ငံ တွင်လည်း ဆေးဝါးထုတ်လုပ်နိုင်သည့် ဆေးဖက်ဝင် သစ်ပင်မျိုးစုံနှင့် သစ်ဥသစ်ဖု များသည်  နိုင်ငံအနှံ့အပြား    ပေါက်ရောက် လျက်ရှိခြင်းကြောင့် တာဝန်ကျရာ ဒေသ အသီးသီးတွင်ရှိသည့် ဆေးဖက်ဝင်အပင် မျိုးစုံကို မိမိတို့ တတ်ကျွမ်းနားလည်ထား သည့် ဆေးဝါးကျွမ်းကျင်မှုဆိုင်ရာ အခြေခံ ကောင်းများကို   ကောင်းမွန်မှန်ကန်စွာ အသုံးချပြီး   သုတေသနလုပ်ငန်းများကို ကြိုးစားဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း။ 


ထိရောက်တွင်ကျယ်စွာ အသုံးပြုလာ


ယနေ့ခေတ်   နိုင်ငံတကာဆေးပညာ နယ်ပယ်တွင် Telemedicine နည်းပညာ ကို     စစ်မြေပြင်ဆေးပညာ(Military Medicine)အဖြစ် ထိရောက်တွင်ကျယ်စွာ အသုံးပြုလာသည်ကို တွေ့ရှိရကြောင်း၊ Telemedicine    ဆိုသည်မှာ   ရုပ်သံ ဆက်သွယ်မှုနည်းပညာများကို အသုံးပြု ပြီး ဝေးကွာသောဒေသများသို့ ဆေးအကာ အကွယ်ပေးခြင်းနှင့်   ဆေးဘက်ဆိုင်ရာ ကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်ပေး ခြင်းပင်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်၏ စစ်မြေပြင် ဆေးပညာနယ်ပယ်နှင့် အရိုး ရောဂါကုသမှု နယ်ပယ်များတွင်လည်း Telemedicine နည်းပညာကို ခေတ်နှင့် အညီ   အသုံးပြုလျက်ရှိသောကြောင့် ပြောင်းလဲတိုးတက်နေသည့် ဆေးဘက် ဆိုင်ရာနည်းပညာရပ်များကို သိရှိနားလည် ပြီး လက်တွေ့အသုံးချနိုင်သူများဖြစ်ရန် စဉ်ဆက်မပြတ်  လေ့လာသင်ယူနေရမည် ပင်ဖြစ်ကြောင်း။ 
တပ်မတော်သားဘဝကို ခံယူပြီးဖြစ် သည့်အတွက်ကြောင့်လည်း   စစ်ဘက် ဥပဒေအပြင်၊   နယ်ဘက်ဆိုင်ရာ  ဥပဒေ များကိုပါ          လေးစားလိုက်နာပြီး      သူနာပြုနှင့် ဆေးဘက်ပညာသည်များ    ဖြစ်သော ကြောင့် ဆေးဘက်ဆိုင်ရာ ကျင့်ထုံးဥပဒေ များကိုပါ လိုက်နာရမည့်နည်းတူ ကျင့်ဝတ် သိက္ခာပိုင်းဆိုင်ရာကိုလည်း  သာမန်ထက် ပိုပြီး     စောင့်ထိန်းသွားကြရမည်ဖြစ် ကြောင်း၊ စစ်သည်တော်ကောင်းတစ်ဦး    ဖြစ်လာစေရေး  စစ်ရေးစွမ်းရည်၊  စည်းရုံး ရေးစွမ်းရည်၊      အုပ်ချုပ်ရေးစွမ်းရည် ဟူသည့် စွမ်းရည်သုံးရပ်နှင့်    ပြည့်စုံအောင်  ပြုမူကျင့်ကြံပြီး သူနာပြုများ ခံယူကျင့်သုံး အပ်သည့် အဓိဋ္ဌာန်ပြုကတိသစ္စာ ၉ ချက် နှင့်အညီ      စောင့်ထိန်းလိုက်နာကာ နိုင်ငံတော်နှင့်  တပ်မတော်က ဂုဏ်ယူ အားထားရသည့် သူနာပြုနှင့် ဆေးဘက် ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များဖြစ် စေရေး စောင့်ထိန်းလိုက်နာ  ကြိုးစားသွား ကြရန်  မှာကြားလိုကြောင်း။


မှတ်ကျောက်တင်နိုင်ခဲ့


တပ်မတော်၏ သမိုင်းစဉ်တစ်လျှောက် တွင်      ပြည်ပကျူးကျော်သူများနှင့် ဖောက်ပြန်သည့် နိုင်ငံရေးအင်အားစုများ သည် တပ်မတော်ကိုဖြိုခွဲရန် အကြိမ်ကြိမ် ကြံစည်ကြိုးစားခဲ့ရာ   မအောင်မြင်ခဲ့ဘဲ တပ်မတော်၏   စည်းလုံးညီညွတ်မှုသာ မှတ်ကျောက်တင်ခံနိုင်ခဲ့သည်ကို တွေ့ရှိရ ကြောင်း၊   တိုင်းပြည်၏  အင်အားသည် ပြည်တွင်းမှာသာရှိပြီး   တပ်မတော်၏ အားကို တပ်မတော်အတွင်း၌ပင် အခြေခံ တည်ဆောက်သွားရမည်  ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့်    မိသားစုဝင် အားလုံးအကြားတွင် အသိတူ၊ အမြင်တူ၊ ယုံကြည်ချက်၊    ခံယူချက်များတူမည် ဆိုပါက စည်းလုံးညီညွတ်မှုသည် ထာဝရ ခိုင်မြဲနေမည်ဖြစ်ကြောင်း၊    စည်းလုံး ညီညွတ်မှုကို        စိတ်ဓာတ်ဖြင့်သာ တည်ဆောက်နိုင်သည်ကို တွေ့ရှိရကြောင်း၊   စိတ်ဓာတ်ကောင်းမွန်စေရေး တစ်ဦးချင်း စည်းကမ်းလိုက်နာ     စောင့်ထိန်းမှု   ကောင်းမွန်ရန်    အရေးကြီးကြောင်း၊ လိုက်နာရန်လိုအပ်သည်များကို လိုက်နာ ပြီး စောင့်ထိန်းသင့်သည်များကို စောင့်ထိန်း ခြင်းသည်    မိမိကိုယ်ကို    ထိန်းသိမ်း ဆောင်ရွက်ခြင်းဖြစ်ပြီး မိမိ၏လက်အောက် ငယ်သားများကိုလည်း   ထိန်းသိမ်းကာ ရသင့်ရထိုက်သည့်   အခွင့်အရေးများကို မှန်မှန်ကန်ကန်    ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း။


“ကျွမ်းကျင်ကူညီ   ဆေးစစ်သည်” ဟူသည့်     ကြွေးကြော်သံနှင့်အညီ တပ်မတော်သား    မိသားစုဝင်များနှင့် တိုင်းရင်းသား  ပြည်သူလူထုတစ်ရပ်လုံး အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သူများဖြစ်စေရေး ကြိုးစားသွားကြရ မည်ဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေး ပညာဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီနည်းပညာ ရပ်များနှင့် ပေါင်းစပ်တီထွင် ထုတ်လုပ်နိုင် ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊       ခေတ်မီတပ်မတော် တည်ဆောက်ရာတွင် လက်ရုံးရည်၊ နှလုံး ရည်ပြည့်ဝပြီး   သူနာပြုနှင့်  ဆေးဘက် ပညာဆိုင်ရာ    အထူးကျွမ်းကျင်သူများ ဖြစ်လာစေရေး   မဆုတ်မနစ်သော  ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားအားထုတ်သွား ကြရန်  တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်သည် သင်တန်း တပ်ခွဲများ၏  အလေးပြုခြင်းကို ခံယူပြီး နောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။


ဂုဏ်ပြုအမှာစကား ပြောကြား


စစ်ရေးပြအခမ်းအနား   အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်     ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး     မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်း ဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသား သင်တန်းသူများကို တွေ့ဆုံ ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။


ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သင်တန်းကာလ      လေးနှစ်တာကာလ တစ်လျှောက်လုံး ကြိုးစားအားထုတ်ခဲ့ခြင်း ကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြ သည့်အတွက် ဝမ်းမြောက်အသိအမှတ်ပြု ကြောင်း၊ ကိုဗစ်-၁၉  ရောဂါ  ဖြစ်ပွားမှု အခြေအနေ    စည်းကမ်းသတ်မှတ်ချက် များအရ မိဘများအနေဖြင့် အခမ်းအနား တက်ရောက်နိုင်ခဲ့ခြင်း   မရှိသော်လည်း မိဘများအနေဖြင့်   ဂုဏ်ယူဝမ်းမြောက် နေကြမည်ပင်ဖြစ်ကြောင်း၊   မိဘများ အနေဖြင့်လည်း သာမန်ဝန်ထမ်းများနှင့် အခြေခံမိသားစုများ ဖြစ်သည်ကို တွေ့ရှိ ရပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သည် အထိ   အခက်အခဲများကြားမှ     ပြုစု ပျိုးထောင်ပေးခဲ့ရမည်ကို  နားလည်စာနာ မိပါကြောင်းနှင့် မိဘများ၏ ကျေးဇူးကို ပြန်ဆပ်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် နှင့် တပ်မတော်အနေဖြင့်လည်း သင်တန်း ကာလ    လေးနှစ်တာကာလပတ်လုံး စစ်သားကောင်းများ     ဖြစ်လာစေရန်၊  ဘာသာရပ်အလိုက်  ကျွမ်းကျင်သူများ ဖြစ်လာစေရန် စစ်ပညာ၊ စာပေပညာတို့ကို အချိန်နှင့် ငွေကြေးအရင်းအနှီးများစွာဖြင့် သင်ကြားပေးခဲ့သည်ဖြစ်သဖြင့်  မိမိတို့ သင်ယူခဲ့ရသည့် ပညာရပ်များကို အသုံးချ ပြီး နိုင်ငံတော်နှင့် တပ်မတော်၏  တာဝန် များကို    စစ်သားကောင်းပီသစွာဖြင့်    ထမ်းဆောင်ရန်လိုကြောင်း၊   မိဘများ အနေဖြင့်   ပြောဆိုဆုံးမနေခြင်းသည် သားသမီးများ၏ဘဝ ကောင်းမွန်ရေးကို  လိုလားမှုကြောင့်သာ       ဖြစ်သကဲ့သို့ တပ်မတော်က စည်းကမ်းတင်းကျပ်စွာ ဖြင့် ထိန်းကျောင်းကြပ်မတ်နေခြင်းမှာ လည်း  တပ်မတော်သားတိုင်း၏   ဘဝ တစ်လျှောက်လုံး  စည်းကမ်းစနစ်တကျ ဖြင့် နေထိုင်ကျင့်ကြံဖြတ်သန်းပြီး လူနေမှု ဘဝတိုးတက်ရေးကို အထောက်အကူဖြစ် စေရန်နှင့် မိဘ၊ တိုင်းပြည်နှင့် တပ်မတော် အတွက် အဖိုးတန် လူသားအရင်းအမြစ်များ  နစ်နာမှုမရှိစေရန် ထိန်းသိမ်းနေခြင်းဖြစ် သည်ကို    နားလည်သဘောပေါက်ရန် လိုကြောင်း။


တပ်မတော်သားတို့၏       ဘဝနှင့် ဆေးပညာရပ်ဆိုင်ရာ  ကျွမ်းကျင်သူများ အဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်တက်ရောက်ခဲ့သူများဖြစ်သည့်အတွက် ရှေ့ဆက်လက် လျှောက်လှမ်းရမည့် ဘဝ ခရီးတွင် စစ်သားကောင်းတစ်ယောက် ပီသစွာ နေထိုင်သွားရန်နှင့် တတ်မြောက် ထားသည့်   ဘာသာရပ်များအလိုက် တပ်မတော်နှင့်   ပြည်သူတို့ကို   အလုပ် အကျွေးပြုကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထူးချွန်စွာ   သင်တန်းဆင်းခဲ့သူများဖြစ် သဖြင့် ဘဝတိုးတက်မှု၊ အောင်မြင်မှုတို့ အတွက် အခွင့်အလမ်းများစွာရှိပြီး ပညာ များကို    ဆက်လက်လေ့လာသင်ယူ ဆည်းပူး၍  မိမိတို့   နယ်ပယ်အလိုက် နာမည်ကောင်းရရှိပြီး    ထူးချွန်သူများ၊ ကိုယ်ရည်ကိုယ်သွေးရှိသူများဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ မိမိ စိတ်ကို အလိုမလိုက်ဘဲ သွားသင့်သည့် နေရာကိုသာ  သွားရန်၊ ပေါင်းသင့်သည့် သူကိုသာ ပေါင်းရန်၊ လုပ်သင့်သည့်အလုပ် ကိုသာ လုပ်ရန်နှင့် ပြောသင့်သည်ကိုသာ ပြောရန်ဟူသည့် သင့် ၄ သင့်ကို လိုက်နာ သွားကြရန်လိုအပ်မည်    ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်