
နေပြည်တော် ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကသာ မြို့နယ် မန်စီကျေးရွာအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများ ရောက်ရှိနေ ကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်စဉ် အကြမ်းဖက် သမားများမှာ ရွာ၏အနောက် တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ ပြီး အကြမ်းဖက်သမားများက ပြည်သူများထံမှ အတင်းအဓမ္မ ကောက်ခံထားသည့် ဆန် ၂၂ အိတ်ကို သိမ်းဆည်းရမိခဲ့သည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်ဆောင် ရွက်ခဲ့ပြီး အကြမ်းဖက်မှုနှင့် ပါဝင် ပတ်သက်ခြင်းမရှိသော ကျေးရွာ သူ ကျေးရွာသားများကို သိမ်း ဆည်းရမိသည့် ဆန် ၂၂ အိတ်ကို ဖြန့်ဝေ ပေးအပ်ခဲ့ကြောင်းနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်