ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတား၌ လက်လုပ်မိုင်းနှစ်လုံး အချိန်မီဖော်ထုတ်သိမ်းဆည်း


 

နေပြည်တော် ဒီဇင်ဘာ  ၂၇
ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့ကျေးရွာအနီး ကော့နွဲ့တံတားအောက်၌ လက်လုပ်မိုင်းနှစ်လုံးကို အချိန်မီဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့သည်။
ဖြစ်စဉ်မှာ      ငြိမ်းချမ်းမှုကို လိုလားသော ပြည်သူလူထုအချို့သတင်းပို့ချက်အရ   အကြမ်းဖက် လုပ်ရပ်ကို   လက်ခံသော KNLA လက်အောက်ခံတပ်မှူးအချို့နှင့်  NUG ၊ PDF အမည်ခံအကြမ်းဖက် သမားများက    မြဝတီ-ကော့ ကရိတ်   အဓိကဆက်သွယ်ရေး လမ်းမကြီးအား ခရီးသွားပြည်သူ များနှင့်      ကုန်စည်စီးဆင်းမှု ရပ်တန့်စေရန်    ရည်ရွယ်ချက် ဆိုးဖြင့်   ကော့နွဲ့ကျေးရွာအနီး အရှည် ၁၉၆ ပေ၊ အကျယ်ပေ ၄၀ ရှိ  သံကူကွန်ကရစ်တံတားကြမ်း ခင်းအောက်၌ ဖောက်ခွဲရန်အသင့် ဖြစ်နေသည့်     ယမ်းအပြည့် ဖြည့်လျက် စနက်ကြိုးတပ်လျက်၊ ငါးဂါလန်ပုံး    နှစ်ပုံးဆင့်လျက် တွေ့ရှိရ၍   လုံခြုံရေးတပ်ဖွဲ့ဝင် များက   အချိန်မီ  ရှင်းလင်းနိုင်ခဲ့ သည်။ ဖြစ်စဉ် နေရာတစ်ဝိုက်နှင့်  ပတ်ဝန်းကျင်    နယ်မြေအတွင်း  ပတ်သက်   ဆက်စပ်သူများကို   ဖော်ထုတ်ရရှိနိုင်ရေး  လုံခြုံရေး တပ်ဖွဲ့ဝင်များက     ဆက်လက် ဆောင်ရွက်    လျက်ရှိကြောင်း သတင်းရရှိသည်။     သတင်းစဉ်