
ကျောက်ဆည် ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်တွင် မြို့နယ် အတွင်း သောက်သုံးရေအခက်အခဲရှိသော ကျေးရွာ များအား သောက်သုံးရေဖူလုံစွာ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကြောင်ကျေးရွာတွင် လည်း ပြည်သူများသောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးတော့မည်ဖြစ်သဖြင့် ပြည်သူများပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခွင့်ပြုရန်ပုံငွေကျပ် ၁၇ ဒသမ ၆၂၁ သန်းဖြင့် ရေဂါလန် ၅၀၀၀ ဆံ အုတ် ရေကန် တစ်ကန်၊ အလျား ၅ ပေ၊ အနံ ၅ ပေ၊ အမြင့်၇ ပေရှိ ရေစက်ရုံတစ်ရုံ၊ ကျေးရွာတွင်း ရေသွယ်တန်း ခြင်းအတွက် အကျယ် နှစ်ပေ(VPC)ရေပိုက် ပေ၆၀၀၀ ဆောင်ရွက်လျက်ရှိသည်။
“ကျွန်တော်တို့ရွာက တောင်ပေါ်ရွာဖြစ်တဲ့ အတွက် အဝီစိတွင်း တူးဖို့ကလည်း ရွာအနေနဲ့ မလွယ်ကူပါဘူး။ နှစ်တိုင်း သောက်သုံးရေ အခက် အခဲဖြစ်နေတာ အခုတော့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေစက်ရုံတွေ၊ ရေကန်တွေ၊ ရေပိုက်တွေ ဆောင်ရွက်ပေးတော့ တစ်ရွာလုံး ပျော်ရွှင်နေကြပါတယ်”ဟု ကြောင် ကျေးရွာမှ ရပ်မိရပ်ဖ ဦးထွန်းမင်းက ပြောသည်။
အဆိုပါလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း လုပ်ငန်းများ ပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဒေါ်ဌေး ဌေးရီ (နည်းပညာ)တို့က ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်းနှင့် လုပ်ငန်းများ ပြီးစီးသွားပါက ကြောင်ကျေးရွာမှ အိမ်ခြေ ၃၆၉ အိမ်၊ လူဦးရေ ၁၈၀၄ ဦးအတွက် သောက်သုံးရေများဖူလုံမည့်အပြင် ကျွဲ ၊ နွား၊ တိရစ္ဆာန်များအတွက်လည်း အဆင်ပြေမည်ဖြစ် ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)