မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)သက်ကြီးသတင်းစာဆရာကြီးများအား ဂါရဝပြုကန်တော့

 

ရန်ကုန်   ဒီဇင်ဘာ  ၂၆

 


မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး)   က ကြီးမှူးကျင်းပသော     ပထမ အကြိမ်မြောက် သက်ကြီးသတင်း စာဆရာကြီးများအား           ဂါရဝပြု ကန်တော့ပွဲ      အခမ်းအနားကို ယနေ့နံနက် ၉ နာရီက   ဗဟန်း မြို့နယ်   ရွှေတိဂုံဘုရားမြောက် ဘက်မုခ် ကြီးငါးကြီး  ဆုတောင်း ပြည့်ဘုရား အာရုံခံတန်ဆောင်း၌ ကျင်းပသည်။

 


ရှေးဦးစွာ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဝင်   ဒေါက်တာ ဇော်သန်းက   မုဒိတာစကားပြော ကြားပြီး   မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း (ရန်ကုန်တိုင်းဒေသ ကြီး)  ဥက္ကဋ္ဌ   ဦးခင်မောင်မြင့်က ပူဇော်ပွဲကျင်းပရခြင်းနှင့်  စပ်လျဉ်း ၍ ရှင်းလင်းပြောကြားသည်။ 

 


ထို့နောက် ကန်တော့ချိုးဖြင့် သက်ကြီးသတင်းစာ  ဆရာကြီး များအား        ဂါရဝပြုကန်တော့ခံ ပစ္စည်းများဖြင့်  ကန်တော့ကြပြီး ကန်တော့ခံ  သက်ကြီးသတင်းစာ ဆရာကြီးများကိုယ်စား    မြန်မာ နိုင်ငံသတင်းစာ   ဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး)၏ ဂုဏ် ထူးဆောင်နာယက  ဦးယဉ်ကျော် က သြဝါဒစကား     ပြောကြားကာ အလှူရှင်များအား             ဂုဏ်ပြု မှတ်တမ်းလွှာများ        ပေးအပ်သည်။

 


အခမ်းအနားသို့        မတက် ရောက်နိုင်သည့်         သက်ကြီး သတင်းစာ   ဆရာကြီးများအား သွားရောက်ကန်တော့ကြမည်ဖြစ် သည်။

 
အာကာစိုး