
နောင်ချို ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ခရီး သွားလုပ်ငန်း ပြန်လည်ဦးမော့နိုင်စေရန် ရည်ရွယ်၍ ရထားခရီးစဉ်များ စီစဉ်ဖွင့်လှစ်ခဲ့ရာ ယမန်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၏ အထင်ကရဖြစ်သော ရှေးဟောင်းသမိုင်းဝင် ကမ္ဘာကျော် ဂုတ်ထိပ်တံတား ကြီးသို့ မန္တလေး-လားရှိုး ရထားလမ်းပိုင်းမှ ( ၁၃၁)အဆန်မီးရထားဖြင့် စီးနင်းလိုက်ပါ၍ လာရောက် လည်ပတ်သော ပြည်တွင်းခရီးသွား ဧည့်သည်များ အား ဒေသခံတိုင်းရင်းသားများက ရိုးရာယဉ်ကျေးမှု အတီးအမှုတ်၊ အကအလှများဖြင့် ကြိုဆိုခဲ့ကြပြီး မြန်မာ့မီးရထားလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးစိုင်းသော်လင်းနှင့် မီးရထားဝန်ထမ်းများ၊ ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ ရထားခရီးစဉ်တွင် ပြည်တွင်းခရီးသွား ဧည့်သည် ၁၄၀ လိုက်ပါစီးနင်းခဲ့ပြီး ရထားခရီးစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပုံမှန်ပြေးဆွဲမည်ဖြစ် ကြောင်း၊ ပြင်ဦးလွင်မှ နံနက်၈ နာရီခွဲတွင် စတင် ထွက်ခွာလာပြီး ဂုတ်ထိပ်သို့ နံနက် ၁၁ နာရီခွဲတွင် ရထားဆိုက်ရောက်ကာ ခရီးသည်များ လည်ပတ်သွား လာချိန် တစ်နာရီ ခွင့်ပေး၍ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း၊ မြန်မာခရီးသွား လုပ်ငန်းအား ပြန်လည်ဦးမော့လာနိုင်စေရန် သက်ဆိုင် ရာဌာနများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)