ပွင့်ဖြူမြို့၌ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံဖွင့်လှစ်

 

ပွင့်ဖြူ   ဒီဇင်ဘာ   ၂၅


မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်တွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏  ထောက်ပံ့မှုဖြင့် ‌  အကောင် အထည်ဖော် တည်ဆောက်ပြီးစီးသည့် အောက်ဆီဂျင် စက်ရုံဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်  နံနက် ပိုင်းက ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက် စကားဝါ လမ်းနှင့်   အင်ကြင်းလမ်းထောင့်ရှိ  အောက်ဆီဂျင် စက်ရုံဝင်း၌ ကျင်းပသည်။

 


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်  ဦးတင့်လွင်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တည်ဆောက်ပြီးစီးသည့် အောက်ဆီဂျင်စက်ရုံအား  ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီး  ဝန်ကြီးချုပ်က အောက်ဆီဂျင်စက် Controller  အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ က  အောက်ဆီဂျင်စက်ရုံအား  လှည့်လည်ကြည့်ရှု စစ်ဆေးပြီး(ဝဲပုံ)  အောက်ဆီဂျင်ထုတ်လုပ်နေမှုများနှင့် ပတ်သက်ပြီး   စနစ်တကျ   ထုတ်လုပ်ဖြန့်ဖြူးရေး၊ စက်ရုံရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် မြို့မိ မြို့ဖများနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် ဆွေးနွေးမှာကြားသည်။

 


ပွင့်ဖြူမြို့နယ်၌       အကောင်အထည်ဖော်  တည်ဆောက်ပြီးစီးသည့်  အောက်ဆီဂျင်စက်ရုံမှာ 30Nm3/h အမျိုးအစားဖြစ်ပြီး စက်တန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော်ရှိကြောင်း၊ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ အထိ      လည်ပတ်ထုတ်လုပ်နိုင်ကြောင်း     ပွင့်ဖြူမြို့ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးတင်ဝမ်းထံမှ သိရသည်။    


ရဲဝင်းနိုင် (ပြန်/ဆက်)