
ဥတ္တရသီရိ ဒီဇင်ဘာ ၂၅
နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီက နေပြည်တော် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ရုံးအတွင်းရှိ ယာယီ ပိုက်ကျော်ခြင်းကွင်း၌ ကျင်းပသည်။
ဗိုလ်လုပွဲတွင် တပ်ကုန်း(၁) အသင်းနှင့် တပ်ကုန်း(၂)အသင်း တို့ (၃) ပွဲယှဉ်ပြိုင် ကစားရာ တပ်ကုန်း(၁)အသင်းက(၂)ပွဲနိုင်၍ ဗိုလ်စွဲသွားခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဥတ္တရခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဆုရရှိသူ များအား ဥတ္တရခရိုင်၊ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းလင်း၊ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်း သင်းဇင်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။
ပြိုင်ပွဲတွင် ဥတ္တရခရိုင် ကိုယ်စားပြု နှစ်သင်း၊ တပ်ကုန်း မြို့နယ် ကိုယ်စားပြု နှစ်သင်း၊ ပုဗ္ဗသီရိမြို့နယ် ကိုယ်စားပြု တစ်သင်း၊ ဇေယျာသီရိမြို့နယ် ကိုယ်စားပြု တစ်သင်း၊ စုစုပေါင်း ခြောက်သင်းအား အုပ်စု နှစ်ခုခွဲ၍ ပတ်လည်ပါဝင်ယှဉ် ပြိုင်ခဲ့ကြပြီး ပထမဆု ငွေကျပ် ၂၀၀၀၀၀ ၊ ဒုတိယဆု ငွေကျပ် ၁၅၀၀၀၀၊ တတိယဆု ငွေကျပ် ၁၀၀၀၀၀နှင့် အထူးဆု ငွေကျပ် ၂၀၀၀၀ တို့အား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)