
နေပြည်တော် ဒီဇင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှ မြို့နယ် ကန်စွန်းအင်းကျေးရွာ အတွင်း၌ အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်ရန်အတွက် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများ စုဝေးရောက်ရှိနေ ကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းတွင် လိုအပ်သည့် လုံခြုံ ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ စဉ် အကြမ်းဖက်သမားများနှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ကန်စွန်းအင်းကျေးရွာ အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ပြီး ယနေ့ တွင် အကြမ်းဖက်လုပ်ရပ်များ တွင် ပါဝင်ပတ်သက်ခြင်းမရှိသည့် ကျေးရွာသူ၊ ကျေးရွာသားများကို နေအိမ်တွင် အေးချမ်းစွာပြန်လည် နေထိုင်နိုင်ရန် ဆောင်ရွက်ပေး ခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း၊ သက်ကြီး ရွယ်အိုများနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား လိုအပ် သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ခြင်း၊ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း သန့်ရှင်းရေးဆောင်ရွက် ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်