နိုင်ငံသားများအားလုံး နိုင်ငံသားမှတ်ပုံတင်များ ရရှိရန်အရေးကြီး

 

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှု ပြဿနာများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပေါ်ရာတွင် မှတ်ပုံတင်မပါဘဲ မဲပေးခဲ့သူ ၃ သန်းကျော် ရှိခဲ့သဖြင့် မဲပေးခွင့်ရှိသူများအားလုံး နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးနှင့် တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအား ပြန်လည်ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားမှတ်ပုံတင်များ ပြုလုပ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားများအားလုံး နိုင်ငံသားမှတ်ပုံတင်များ ရရှိရန် အရေးကြီးကြောင်း။


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၃-၁၂-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၈/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)