
မြစ်ကြီးနား ဒီဇင်ဘာ ၂၄
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် ပြည်နယ်အတွင်း စွမ်းစွမ်းတမံထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က (၇၄)နှစ်မြောက် ကချင်ပြည်နယ် နေ့တွင် ပြည်နယ်အတွင်း စီမံ ခန့်ခွဲရေး၊ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ ကိစ္စရပ်များတွင် စွမ်းစွမ်း တမံ ထူးချွန်စွာ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြ သူများကို ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ ကို ထိုက်တန်စွာ ချီးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း၊ ဆုများ ပေးအပ်ချီးမြှင့်ရာတွင် ရွေးချယ်မှု မှန်ကန်စေရေးအတွက် စနစ် တကျဖွဲ့စည်း ဆောင်ရွက်သွားရေး နှင့် ထူးချွန်ထက်မြက်စွာ ဆောင် ရွက်ခဲ့သူများအား မကျန်ရစ်ခဲ့ စေရေး ကော်မတီအဖွဲ့ဝင်များ အနေဖြင့် စိစစ်ရွေးချယ်သွားရန် လိုအပ်ကြောင်း တိုက်တွန်း မှာကြားသည်။
ဆက်လက်၍ ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ထူးဆောင် ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင် ရေး စိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက အပ်နှင်းချီးမြှင့်သွား မည့် လုပ်ငန်းစဉ်များကို လည်း ကောင်း၊ ကော်မတီအတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးခင်မောင်လေးက စိစစ် ရွေးချယ်သွားမည့် လုပ်ငန်းစဉ် များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြ သူများက အကြုံပြု သုံးသပ် ဆွေးနွေးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က တင်ပြဆွေးနွေး ချက်များအပေါ် လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ပြည်နယ်(ပြန်/ဆက်)