ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များ အများပြည်သူသိရှိနိုင်ရေး သတင်းနှင့်ပြန်ကြားရေးဆိုင်ရာသင်တန်းပို့ချ

 

နေပြည်တော် ဒီဇင်ဘာ ၂၃


သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က  အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည့်   ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း   ဆောင် ရွက်ချက်များကို  အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်   သိရှိနိုင်ရန် ရည်ရွယ်၍       ဖွင့်လှစ်ခဲ့သော သတင်းနှင့် ပြန်ကြားရေးဆိုင်ရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက  ကျင်းပ သည်။

 


အခမ်းအနားတွင်  ကျေးလက် ဒေသ   ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန   ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးမျိုးနိုင်အောင်က ဦးစီးဌာန ၏  ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို  နိုင်ငံပိုင် သတင်းစာ၊    ရုပ်မြင်သံကြားနှင့် ဂျာနယ်စာစောင်များတွင်  အများ ပြည်သူ   ကျယ်ကျယ်ပြန့်ပြန့်  သိရှိနိုင်ရန်ရည်ရွယ်၍    ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသား များအနေဖြင့် ဦးစီးဌာန၏ ဒေသ ဖွံ့ဖြိုးရေး      ဆောင်ရွက်ချက် သတင်းမှန်များကို    သင်တန်းမှ သင်ကြားပို့ချခဲ့သည့်    သတင်း ရေးသားနည်းများအတိုင်း အများ ပြည်သူများသိရှိအောင် ယခင်က ထက်     ပိုမိုရေးသားထုတ်ပြန် ဆောင်ရွက်ကြစေ     လိုကြောင်း ပြောသည်။

 


အဆိုပါ သတင်းနှင့် ပြန်ကြား ရေးဆိုင်ရာ        သင်တန်းကို  ပြည်ထောင်စုဝန်ကြီးရုံး၊     သမ ဝါယမဦးစီးဌာန၊    အသေးစား စက်မှုလက်မှု  လုပ်ငန်းဦးစီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန(ရုံးချုပ်)နှင့်   တိုင်း ဒေသကြီး/ပြည်နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့မှ    သတင်းရေးသားခြင်းကို စိတ်ပါဝင်စားသည့် သင်တန်းသား ၄၆   ဦး   တက်ရောက်ခဲ့ကြပြီး  သင်တန်းကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်ကြာဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ကြောင်း သိရ သည်။ 

ကျေးလက်ဦးစီး