ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးပစ္စည်းများ ပြည်ပမှအဆင်ပြေစွာတင်သွင်းနိုင်ရေး ဆောင်ရွက်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၃

 


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ပစ္စည်းများကို    လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း များ၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၊ မြဝတီ ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းတို့မှ ကုမ္ပဏီ သုံးခု၊ ယာဉ်စီးရေ လေးစီးဖြင့် အောက်ဆီဂျင် Plant  တစ်ခု၊ အိမ်သုံးအောက်ဆီဂျင် စက် Oxygen Concentrator အခု ၄၀ နှင့် နှာခေါင်း စည်း  (Mask)  ၁၀ တန်တို့ကို  တင်သွင်းခဲ့သည်။ အောက်ဆီဂျင် Plant တစ်ခုမှာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မန္တလေးမြို့သို့ဖြစ်ကြောင်း သိရှိ ရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်   SOP  များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး  နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ် သည့်  အသိပေးကြေညာချက်များကိုလည်း  အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm    တွင်   ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရ သည်။                                              

သတင်းစဉ်