
နေပြည်တော် ဒီဇင်ဘာ ၂၃
၂၀၂၁ ခုနှစ် ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနား ကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ် စိန့်မေရီ ကယ်သီဒြယ် ဘုရားရှိခိုးကျောင်းအနီးရှိ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို၏ ကျောင်းတိုက်၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
တက်ရောက်
အခမ်းအနားသို့ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်၊ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကက်သလစ်ဆရာတော်များ၊ ရဟန်းတော်များ၊ ကက်သလစ်သီလရှင် များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကက်သလစ်ဆရာတော်ကျောင်းတိုက်ခန်းမသို့ ရောက်ရှိ ကြရာ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုနှင့် သင်းအုပ် ဆရာကြီးများက ကြိုဆိုနှုတ်ဆက်ကြ သည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော် ကြီးတို့သည် ဧည့်ခန်းမဆောင်၌ သီးခြား တွေ့ဆုံ၍ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများ၊ ငြိမ်းချမ်း ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံတော် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည်။
ထို့နောက် ဘုရားရှိခိုးကျောင်းခန်းမ တွင် ခရစ္စမတ်ဆုတောင်းပွဲကို ကျင်းပရာ ကက်သလစ်ဆရာတော် ကျောင်းတိုက် မိသားစုက ခရစ္စမတ် Carol သီချင်းများ ဖြင့် သီဆိုဖျော်ဖြေကြသည်။
ခရစ္စမတ်ဆုတောင်းပေး
ယင်းနောက် ဂိုဏ်းချုပ်ဆရာတော် ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ် သတင်းကောင်းနှင့် ဆုမွန်စကားမျှဝေ ပြောကြားရာတွင် မင်္ဂလာရှိသော ခရစ္စမတ်အခါသမယတွင် ပျော်ရွှင်ခြင်း၊ သင့်မြတ်ခြင်းများဖြင့် ပြည့်စုံနိုင်ပါစေ ကြောင်း၊ မြန်မာပြည်သူ ပြည်သားအားလုံး စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိကြပြီး ခန္ဓာစိတ်ဝမ်း ငြိမ်းချမ်းကြပါစေကြောင်း၊ ငြိမ်းချမ်းသာယာဝပြောပြီး ဝမ်းမြောက် ခြင်းများနှင့် ပြည့်ဝနိုင်ကြပါစေကြောင်း ဖြင့် ခရစ္စမတ်ဆုတောင်းပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနား များကို တက်ရောက်ခဲ့သည်မှာ ယခု အကြိမ်ဆိုပါက တတိယအကြိမ်ရှိပြီ ဖြစ်ပါကြောင်း၊ ခရစ်ယာန်ဘာသာဝင် တို့၏ အထွတ်အမြတ်ထားရာ ခရစ္စမတ် အခါသမယတွင် ငြိမ်းချမ်းခြင်း၊ သာယာ ဝပြောခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းတို့ဖြင့် ပြီးပြည့်စုံကြပါစေကြောင်း၊ မိမိတို့နိုင်ငံ တွင် ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇ ရာခိုင် နှုန်း၊ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ၆ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာ ကိုးကွယ်သူ ၅ ရာခိုင်နှုန်းကျော်ခန့်ရှိပြီး ကိန်းဂဏန်း အရ ကွဲလွဲမှုအနည်းငယ်ရှိနိုင်မည် ဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၂ နှင့် ၃၆၃ တို့တွင် ဘာသာရေးလွတ်လပ်ခွင့်နှင့် ကူညီ စောင့်ရှောက်မှုတို့အတွက် ခွင့်ပြုပေးထား ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ လူဦးရေ အများစုကိုးကွယ်ရာ ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ နှင့် အခြား ဘာသာဝင်များသည် နှစ်ပေါင်းများစွာ ကတည်းကပင် အချင်းချင်းစည်းလုံး ညီညွတ်စွာဖြင့် အမိနိုင်ငံတော်ကောင်းကျိုး ကို အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ငြိမ်းချမ်းခြင်း၊ သာယာဝပြော ခြင်းတို့ဖြင့် ပြည့်စုံစေရေးအတွက် အမျိုး သားနိုင်ငံရေး စောင့်ရှောက်မှုလုပ်ငန်း များတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှား ခဲ့ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မည်သို့မျှ ရှောင်လွှဲ၍မရသည့် အခြေ အနေ ဖြစ်ပေါ်လာသည့်အတွက် နိုင်ငံ တော်၏ တာဝန်များကို တပ်မတော်က ထမ်းဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကိုချမှတ်၍ နိုင်ငံတော်အေးချမ်း သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း။
ပူးပေါင်းပါဝင်ဆောင်ရွက်
နိုင်ငံတော် အေးချမ်းသာယာ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်း များ၏ ကြိုးပမ်းဆောင်ရွက်မှုများအပြင် ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ကလည်း ကဏ္ဍအသီးသီး မှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းလို သည့်၊ ဖွံ့ဖြိုးတိုးတက်စေလိုသည့် စိတ်ဆန္ဒရှိရန် အဓိကအရေးကြီးပါ ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ပေါများရေးသည်လည်း အဓိကကျသည့်အတွက် ငြိမ်းချမ်းမှုရရှိ အောင် ဦးစွာဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းပြည် ကောင်းအောင် ဆောင်ရွက်မည်ဟူသည့် ဆန္ဒဖြင့် အသိတရား၊ သတိတရားတို့ဖြင့် တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်း တစ်ခုချင်းအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါကြောင်း။
ခရစ္စမတ်အခါသမယတွင် ခရစ်ယာန် ဘာသာဝင်များအားလုံး၊ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ရွှင်ချမ်းမြေ့ကြ ပါစေကြောင်း၊ နှစ်သစ်အခါသမယကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း နှင့် သက်ဆိုင်ရာ ဘာသာတရားများ၏ အဆုံးအမနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ ကောင်းကျိုးကို ရှေးရှု၍ မေတ္တာနှလုံးသား၊ သည်းခံ ခွင့်လွှတ်သောစိတ်ထားများဖြင့် စည်းလုံး ညီညွတ်စွာ လက်တွဲနေထိုင်လုပ်ကိုင် ဆောင်ရွက် သွားကြစေလိုကြောင်းဖြင့် ဆုတောင်းစကား ပြောကြားသည်။
ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး တို့သည် ခရစ္စမတ်ကိတ်မုန့်ကို အတူတကွ လှီး၍ ဂုဏ်ပြုကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကက်သလစ် ဆရာတော် ကျောင်းတိုက်မိသားစုအား ခရစ္စမတ်အထိမ်းအမှတ် လက်ဆောင် နှင့် အလှူငွေများ ပေးအပ်ခဲ့ပြီး ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီးမှလည်း နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ အား ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင် များ ပြန်လည်ပေးအပ်သည်။
ဆုတောင်းမေတ္တာပို့သ
၎င်းနောက် ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ လက်ထောက် ဆရာတော်ကြီး ဂျွန်စောယောဟန်က ခရစ္စမတ်ဆုမွန်ကောင်းစကား ပြောကြား ပြီး ဆုတောင်းမေတ္တာပို့သပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်