၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ထုတ်ပြန်ကြေညာခဲ့သည့် NUG ၊ CRPH နှင့် လက်ဝေခံ PDF အဖွဲ့များ၏ တရားမဝင် လက်နက်များ၊ ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် လက်လုပ် သေနတ်၊ ယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ်ကိုင်ဆောင် အကြမ်းဖက်မှုအပေါ်နှင့် နယ်စပ်ဒေသများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့တို့မှလည်း နိုင်ငံရေး၊ စစ်ရေး အမြတ်ထုတ်ရန်အလို့ငှာ ပြည်တွင်းသို့ နည်းမျိုးစုံဖြင့် ပို့ဆောင်နေ သည့် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအား နေ့စဉ်နှင့်အမျှ ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသကဲ့သို့ နည်းမျိုးစုံဖြင့် လက်ဝယ်ကိုင်ဆောင်သူ အကြမ်းဖက်သမားများ ထံမှလည်း ဖော်ထုတ်ဖမ်းဆီး/ သိမ်းဆည်းရမိလျက်ရှိပါသည်။
၂။    ၎င်းအပြင် တချို့သော   အကြမ်းဖက်သမားများသည်  နိုင်ငံသူ၊ နိုင်ငံသားများ၏  မသိနားမလည်မှု၊  ရိုးသားမှုအပေါ် အခွင့်ကောင်းယူ လျက် မိမိတို့၏တရားမဝင် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများအပြင် တားမြစ်ပစ္စည်းများကိုလည်း နည်းအမျိုးမျိုး၊  အသွင်အမျိုးမျိုးဖြင့်  အပ်နှံသိမ်းဆည်းစေမှုများကို လည်း  ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိပါသည်။
၃။    သို့ဖြစ်ပါ၍  အကြမ်းဖက်သူများနှင့်  မသက်ဆိုင်သူများကို မလိုလားအပ်သော တရားဥပဒေရင်ဆိုင်မှုများ  မရှိစေနိုင်ရေး အလို့ငှာ ၂၀၂၁ ခုနှစ်၊   ဒီဇင်ဘာလ ၃၁ ရက်   နောက်ဆုံးထား၍   နိုင်ငံသူ၊   နိုင်ငံသားများအားလုံးသည်   အကြောင်းအမျိုးမျိုးနှင့်   နည်းမျိုးစုံဖြင့်  မိမိတို့နေအိမ်၊   တိုက်ခန်းနှင့်     နေရာအသီးသီးတွင်    တရားမဝင်  လက်နက်၊ ခဲယမ်း၊  မိုင်း၊   ဆက်သွယ်ရေးပစ္စည်းများနှင့်   ဆက်စပ် ပစ္စည်းများအပါအဝင် နိုင်ငံတော်မှဥပဒေအရ တားမြစ်ပြဋ္ဌာန်းထား သည့်    မူးယစ်ဆေးဝါးများ   လက်ဝယ်သို့ရောက်ရှိ   သိမ်းဆည်းထား ခြင်းများရှိကြပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများ/ နီးစပ်ရာ  လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့  လာရောက် အပ်နှံကြ ပါရန်နှင့်     သတ်မှတ်ရက်ကျော်လွန် ပြီးနောက်    စစ်ဆေးတွေ့ရှိရပါက   တည်ဆဲဥပဒေများနှင့်အညီ  အရေးယူခံရမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်အပ်ပါသည်။
                                
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
      


