
နေပြည်တော် ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကို အလှူငွေ များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် လားရှိုးမြို့ ပြည်နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ရာ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိ သူများက ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့များ ဖြစ်သည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ နှင့် YMBA ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီးတို့မှ ဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများကို အလှူငွေ များနှင့် လက်ဆောင်ပစ္စည်းများ ကို လည်းကောင်း၊ ခရစ္စမတ်ပွဲ တော် ကျင်းပနိုင်ရေးအတွက် အလှူငွေများကို လည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်