
ရန်ကုန် ဒီဇင်ဘာ ၂၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ သတင်းမီဒီယာများဖြစ်သည့် CCTV သတင်းဌာန၊ People’s Daily သတင်းဌာန၊ Guanming Daily သတင်းဌာနနှင့် Xinhua News Agency တို့မှ သတင်းထောက်များအား Online မှတစ်ဆင့် လက်ခံတွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး ဆောင်ရွက် ချက်များ၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ နိုင်ငံစီးပွားရေး ပြန်လည် ဦးမော့လာစေရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် တည်ငြိမ်ရေးနှင့် လုံခြုံအေးချမ်းရေး အတွက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် စပ်လျဉ်းသည့် မေးမြန်းချက်များကို ဖြေကြား ကြသည်။
တက္ကသိုလ်များဖွင့်လှစ်နိုင်ရေး
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာ အနှံ့တွင် ဖြစ်ပွားလျက်ရှိရာ နိုင်ငံ တော်အစိုးရနှင့် ပြည်သူများ ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါ ကြောင်း၊ လက်ရှိကာလတွင် အခြေခံကျောင်းများ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်များကို လည်း မကြာမီပြန်လည်ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတော်တည်ငြိမ်ရေး နှင့် အေးချမ်းလုံခြုံရေးအတွက် လည်း အဆင့်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ တည်ငြိမ်အေးချမ်းမှုကို လိုလား သည့် ပြည်သူများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုကြောင့် တည် ငြိမ်မှု အဆင့်တစ်ခုကို ရရှိလာပြီ ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှုမှာလည်း အရေးကြီး ပါကြောင်း။
မြန်မာနိုင်ငံအစိုးရ အနေဖြင့် မိမိနိုင်ငံ၏ အိမ်နီးချင်း အဓိက ကုန်သွယ်မှုမိတ်ဖက် တရုတ်နိုင်ငံ နှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံ အဆောက်အဦ စီမံကိန်းများကို စောစီးစွာ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း မြန်မာနိုင်ငံ အတွက် လိုအပ်လျက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အများဆုံး ကူညီပံ့ပိုးပေးခဲ့သည့် တရုတ်နိုင်ငံနှင့် ပြည်သူများ အား နိုင်ငံတော်အစိုးရကိုယ်စား များစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ပုံမှန်အခြေအနေ ပြန်ရောက်ရေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက တရုတ် နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ် ကုန်သွယ်ရေးအပါအဝင် ကုန်သွယ် မှုနှင့် စီးပွားရေးပူးပေါင်း ဆောင် ရွက်မှုတွင် အရေးပါသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပါကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ အခြေအနေကြောင့် နိုင်ငံတကာတွင် စီးပွားရေးဆိုင်ရာ လုပ်ငန်းများ နှောင့်နှေးလျက်ရှိရာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အပါအဝင် စီးပွားရေးလုပ်ငန်းများ ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိရေး မိမိတို့ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် သတင်းဌာနများ မှ သတင်းထောက်များက သိရှိ လိုသည်များကို မေးမြန်းကြ ရာ ပြည်ထောင်စုဝန်ကြီးများက ရင်းနှီးပွင့်လင်းစွာ ပြန်လည် ဖြေကြားကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် မြန်မာနိုင်ငံအကြား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (RTF Bulk)Doses ၁၀ သန်းအား မြန်မာ နိုင်ငံတွင် ဝယ်ယူထုတ်လုပ်ရန် သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ မရမ်း ကုန်းမြို့နယ်ရှိ Lotte Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း သည် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား (ရန်ကုန်) ရုံး စတူဒီယို (၂) ၌ ဟားစတိုင်အငြိမ့်အဖွဲ့က လွတ်လပ်ရေးနေ့ ဂုဏ်ပြုအငြိမ့် အစီအစဉ် ရိုက်ကူးနေမှုကိုကြည့်ရှု အားပေးပြီး အနုပညာရှင်များ နှင့် ရိုက်ကူးရေးအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် စတူဒီယို(၁)တွင် တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်း ဆိုပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ၏ အစီအစဉ်ရိုက်ကူး နေမှုများကို ကြည့်ရှုအားပေးခဲ့ သည်။
သတင်းစဉ်