မလေးရှား၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇၂၁၅၄၄ ဦးရှိ

 

 

ကွာလာလမ်ပူ   ဒီဇင်ဘာ   ၂၁ 
မလေးရှားနိုင်ငံ၌  ဒီဇင်ဘာ ၂ဝ ရက်  ညသန်းခေါင်အချိန်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၅၈၉ ဦးအထိ ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၂၇၂၁၅၄၄ ဦး ရှိလာပြီဖြစ်သည်။ 
အသစ်ထပ်မံကူးစက်ဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူများအနက် ၄၆ ဦးမှာ ပြည်ပကူးစက်သူများဖြစ်ပြီး၂၅၄၃ ဦးမှာ ပြည်တွင်းကူးစက်သူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင်  ဖော်ပြထားသည်။  ထို့အပြင်  ကိုဗစ်-၁၉ ကြောင့် ၄၃ ဦး ထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ပေါင်းမှာ ၃၁၁၃၅ ဦးအထိ ရှိလာပြီဖြစ်သည်။ 
လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေသူ ၅၂၂၁၈ ဦး ရှိသည့်အနက်     ၃၇၉ ဦးမှာ    အထူးကြပ်မတ်ကုသဆောင်တွင် ကုသလျက်ရှိပြီး ၂၁ဝ မှာ အသက်ရှူအထောက်အကူပြုကိရိယာလိုအပ်လျက်ရှိသည်။ 
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ် ထိုးပြီးသူပေါင်း ၇၉ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး  အပြည့်အဝထိုးနှံပြီး သူပေါင်း ၇၈ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိပြီဖြစ်သည်။      ဆင်ဟွာ