ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ထားရှိမှုအခြေအနေ၊ အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ ဆုများနှင့် အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

နေပြည်တော်    ဒီဇင်ဘာ   ၂၀


ဟိုတယ်နှင့်     ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော ခရီးသွားလုပ်ငန်းကော်မတီ  အစည်း အဝေး (၂/၂၀၂၁)သို့ တက်ရောက်သည်။


 အစည်းအဝေးသို့  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနတာဝန်ခံများ တက်ရောက်ကြ ပြီး ခရီးသွားလုပ်ငန်းကော်မတီဝင် နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်နေသော ဝန်ကြီးများ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များ၊  ပုဂ္ဂလိက ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နေပြည်တော် ကောင်စီအပါအဝင်   တိုင်းဒေသကြီးနှင့် ပြည်နယ် ရုံးခွဲတာဝန်ခံများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြ သည်။   


အစည်းအဝေးတွင်   လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်−၁၉ ကပ်ရောဂါသည် မျိုးရိုးဗီဇ အဆင့်ဆင့်ပြောင်းလဲလာပြီး ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံအချို့၌ပါ  ကူးစက်ဖြစ်ပွားနေသဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင်    ကိုဗစ်-၁၉ ကာကွယ်  ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်သွား ရန်လိုအပ်ကြောင်း။


နယ်စပ်ဖြတ်ကျော်  ခရီးစဉ်များ    လာရောက် လည်ပတ်လိုကြကြောင်း ဆက်သွယ်မေးမြန်းလာမှု များရှိနေပြီဖြစ်သည့်အတွက်  ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုရှိရန် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများကို သတ်မှတ်ပြဋ္ဌာန်းပြီးသည့်အချိန် တွင်   လက်ခံဆောင်ရွက်နိုင်ရန်   ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း။


နေပြည်တော်   ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းများ၊ ကျေးလက်ဒေသ ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးရေးကို အခြေခံသော ခရီးသွားလုပ်ငန်းများနှင့် လူထုအခြေပြုခရီးသွား လုပ်ငန်းများကို ကျယ်ပြန့်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူများ၏  လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး    များစွာအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍  လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က (၁/၂၀၂၁) ကြိမ်မြောက် ခရီးသွား လုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များ နှင့်စပ်လျဉ်း၍  ဆောင်ရွက်ဆဲ၊  ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်      ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ   Enchanting  Myanmar Health & Safety Protocol (HSP) အစီအစဉ်အရ ဒေသအဆင့်၊  အမျိုးသားအဆင့်   အသိအမှတ်ပြု လက်မှတ်များ လျှောက်ထားရယူနိုင်ရေးဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးများက ဧည့်သည်ဝင်ရောက် မှုနှင့် ဝင်ငွေရရှိမှုအခြေအနေ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှိ    ဝန်ထမ်းများအား       ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှု  အခြေအနေ၊  ခရီးစဉ် ဒေသအသစ်များ   ဖော်ထုတ်ထားရှိမှုအခြေအနေ၊ Quarantine ဟိုတယ်များ ဖွင့်လှစ်ထားရှိမှု အခြေ အနေ၊ ခရီးသွားမြှင့်တင်ရေးအတွက် 360ႚ Video ရိုက်ကူးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်   လုပ်ငန်းလိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။


ဆက်လက်၍ ခရီးသွားလုပ်ငန်း တတ်သိပညာ ရှင်များက နိုင်ငံအတွင်း ဒေသဖွံ့ဖြိုးရေးနှင့် အလုပ် အကိုင်ဖန်တီးနိုင်ရေး     Wellness  Tourism ဆောင်ရွက်နိုင်သည့်အခြေအနေ၊ ဟိုတယ် Guest List Management System ဖြင့် ဧည့်စာရင်းတိုင်ကြား မှုအခြေအနေ၊   ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် အာဆီယံနိုင်ငံအချင်းချင်း အပြန်အလှန် အသိအမှတ် ပြုရေး  အစီအစဉ်များကို   ရှင်းလင်းတင်ပြကြပြီး ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ် များက အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ ဆုများနှင့် အသိအမှတ်ပြုလက်မှတ်များ   ချီးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ HSP Website ကို ဝင်ရောက်လျှောက် ထားရာတွင် အဆင်ပြေလွယ်ကူစေရေး၊ တိုင်းဒေသ ကြီးများ၌ဖြစ်ပေါ်နေသည့် ခရီးသွားဆိုင်ရာ သတင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သတင်း ပို့နိုင်ရေးအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေး ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။                                            

  သတင်းစဉ်