စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင် တင်းနစ်ပြိုင်ပွဲကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၂၀


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင် တင်းနစ်အားကစားပြိုင်ပွဲ   ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင်   နေပြည်တော်    ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးပညာပေးရေးနှင့်    ကျေးလက်ဖွံ့ဖြိုးရေး သင်တန်းကျောင်း(AERDTC)၌ ကျင်းပသည်။


အာဟာရမျှတစွာ စားသုံးရေး


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အပါအဝင် ရောဂါ ဘယများ တားဆီးကာကွယ်ရေးအတွက် ကိုယ်ခံအား မြှင့်တင်ပေးရန် အာဟာရမျှတစွာ စားသုံးရေးနှင့် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ရေးသည် လိုအပ်ပါကြောင်း၊ အားကစားဆောင်ရွက်ခြင်းဖြင့် လူမှုဆက်ဆံရေးနယ်ပယ်လည်း    ပိုမိုကျယ်ပြန့် လာမည်ဖြစ်ရာ    လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတွင် ဆက်စပ်နေသည့် ဌာနများအချင်းချင်း၊ ဝန်ထမ်းများ အချင်းချင်းကြားတွင် ခင်မင်ရင်းနှီးမှုများ ဖြစ်ပေါ် လာပြီး လုပ်ငန်းများ ပိုမိုသွက်လက်စွာ ဆောင်ရွက် လာနိုင်ကြမည်ဖြစ်ကြောင်း၊   သို့ဖြစ်ရာ    နေ့စဉ် ရုံးလုပ်ငန်း  လုပ်ကိုင်နေကြသည့်  နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် မိမိဝါသနာပါသည့် ကျန်းမာရေး အထောက် အကူပြုအားကစားတွင်   ပါဝင်ဆောင်ရွက်နိုင်ကြ စေရန် အားကစားနည်းများအလိုက် ပြိုင်ပွဲများကျင်းပ ပေးနေခြင်းဖြစ်ကြောင်း၊ အနိုင်အရှုံးကို ပဓာနမထားဘဲ ကျန်းမာရေးအသိဖြင့် ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ထူးချွန်သည့်   ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာပါကလည်း မိမိဝန်ကြီးဌာနကိုယ်စားပြု လက်ရွေးစင်အားကစားသမားများအဖြစ် ဆက်လက် ကြိုးစားနိုင်ရန်  ချီးမြှင့်ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။


ဆက်လက်၍    ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲကို ကျင်းပရာ     ဦးစီးဌာနများနှင့်   တက္ကသိုလ်များ၏ ကိုယ်စားပြု အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင် ကစားကြကြောင်း သိရသည်။      

       သတင်းစဉ်