ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

 

နေပြည်တော်   ဒီဇင်ဘာ ၂၀
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊  နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ဒီဇင်ဘာ ၂၀ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိူးစုံ ငါးမျိုး၊  စုစုပေါင်း  ၂၈၀၆၄  ဒသမ ၂၀ Kg ၊ နယ်စပ် (ချင်းရွှေဟော်၊ မူဆယ်) တွင် ကုမ္ပဏီငါးခုတို့မှ Oxygen Liquid Storage Container သုံးခု၊ Oxygen Liquid Distributor တစ်ခု၊ Pal Diclo Injection ၁၈၅၅၂ ခု၊ Glucose And Sodium Chloride Injection ၃၀၀၀ ၊ Disposable Face Mask ၁၉၀၀၀ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။                                                                                                         သတင်းစဉ်