
ရန်ကုန် ဒီဇင်ဘာ ၁၉
“ ကိုဗစ် -၁၉ ကပ်ရောဂါ လက်တွဲ ညီညာတိုက်ဖျက်ပါ” ပညာရှင် အဆင့်နှင့် “ကိုဗစ်-၁၉ ကာကွယ် ရေး ပြည်သူအားလုံးပါဝင်ပေး” ဝါသနာရှင်အဆင့် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန စုဝေးခန်းမ၌ ကျင်းပ သည်။
တက်ရောက်
အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဓာတ်ပုံပြိုင်ပွဲ အကဲဖြတ်အဖွဲ့ဝင်များ၊ ဓာတ်ပုံ ပညာရှင်များနှင့် ဆုရရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကိုဗစ် -၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်တွင် ပြည်သူ များ ပူးပေါင်းပါဝင်လာစေရန်၊ ကိုဗစ် -၁၉ ရောဂါဆိုင်ရာ ပြည်သူ အသိပညာပေး လုပ်ငန်းများကို ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်စေရန် နှင့် စနစ်တကျမှတ်တမ်းတင်နိုင် စေရန် ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ “ ကိုဗစ်-၁၉ ကပ်ရောဂါ လက်တွဲညီညာတိုက်ဖျက်ပါ” နှင့် “ ကိုဗစ်-၁၉ ကာကွယ်ရေး ပြည်သူ အားလုံးပါဝင်ပေး” ခေါင်းစဉ်များ ဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ပညာရှင်အဆင့်နှင့် ဝါသနာရှင် အဆင့်ဟူ၍ ယှဉ်ပြိုင်စေခဲ့ပါ ကြောင်း။
အဆိုပါ ရောင်စုံဓာတ်ပုံပြိုင်ပွဲ တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုးကျိုး များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်နေမှုများ၊ အသိ ပညာပေး ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရ ဟိတအသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများ ပါဝင်ကူညီဆောင်ရွက် နေမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှု စသည့် အကြောင်းအရာများကို ဖော်ညွှန်း ရိုက်ကူးထားသည့် ဓာတ်ပုံများ ပါဝင်ယှဉ်ပြိုင်ခဲ့ပါကြောင်း။
ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနအနေဖြင့် နိုင်ငံ့ အကျိုးပြုနှင့် ပြည်သူ့အကျိုးပြု ဖိတ်ခေါ် ရောင်စုံဓာတ်ပုံပြိုင်ပွဲများ ကို တစ်နှစ်လျှင်နှစ်ကြိမ်ဖြင့် နှစ်စဉ် ပုံမှန်ကျင်းပပြီး ဓာတ်ပုံပညာရှင် များ ပေါ်ထွက်လာစေရန် ရိုက်ကူး ယှဉ်ပြိုင်စေခဲ့ပါကြောင်း၊ ထိုသို့ ရိုက်ကူးယှဉ်ပြိုင်ကြသည့် ဓာတ်ပုံ များကို ဖော်ကျူးပြသနိုင်မှုဖြင့် ပြည်သူလူထုအတွင်း ကပ်ရောဂါ ၏ဆိုးကျိုးများကို ပိုမိုသိမြင်လာ ပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်း ပါဝင်လုပ်ဆောင် လာကြမည်ဖြစ် ပါ ကြောင်း၊ ရောဂါစိန်ခေါ်မှုများ မည်သို့ပင်ရှိရှိ ၊ အခက်အခဲအတား အဆီးများကို ပြည်သူများအနေဖြင့် ဖြတ်သန်းကျော်လွှားနိုင်ကြမည်၊ တိုက်ဖျက်နိုင်ကြမည် ဆိုသည့် စိတ်အားတက်ကြွမှုများ စိမ့်ဝင် ပျံ့နှံ့လာမည်ဟု ထင်မြင်မိပါ ကြောင်း။
အလေးထားဆောင်ရွက်လျက်ရှိ
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့ နိုင်ငံများတွင် ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ရာ ပေါ့ဆ၍မရဘဲ ထပ်မံ ကူးစက်မှုမရှိစေရန် ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် အရှိန်အဟုန် မပျက် ထိထိရောက်ရောက် ဆောင်ရွက်နေမှုကို အားလုံးသိရှိ မည်ဖြစ်ပြီး ကာကွယ်ကုသခြင်း ကဏ္ဍကို ကျေးလက်နေပြည်သူ များနှင့် ရဟန်းသံဃာတော်များပါ မကျန် နိုင်ငံတစ်ဝန်း ကာကွယ်ဆေး ထိုးနှံမှုကို အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများကိုလည်း ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အတိုင်းအတာတစ်ခုအထိ ထိုးနှံ ပေးပြီးဖြစ်၍ ဒီဇင်ဘာလအတွင်း နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်း ကျော်ကို ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးနိုင်မည်ဖြစ် ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အစော ပိုင်းကာလများဖြစ်သည့် ဇူလိုင်လ တွင် ရောဂါကြောင့် သေဆုံးနှုန်း မြင့်တက်ခဲ့ပြီး ယခုအချိန်၌ ရောဂါ ကူးစက်နှုန်း လျော့ကျလာသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း။
ဖော်ထုတ်ပြသပေးသွားမည်
နိုင်ငံအချို့တွင် သေဆုံးနှုန်း များလာသော ယခုလိုအချိန်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်း လျော့ကျလာခြင်း သည် ကိုဗစ်-၁၉ရောဂါကို ကြိုတင် ကာကွယ်နိုင်ရန် ပြည်သူအားလုံး ပူးပေါင်းပါဝင်ခဲ့သည့် အကျိုး ကျေးဇူးကြောင့်ဖြစ်ပြီး ဆက်လက် ၍ မိမိတို့အားလုံး ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား သော စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်သွားကြ ရန် လိုအပ်ပါကြောင်း၊ ဤအချိန် တွင် ယခုကဲ့သို့ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ ကျင်းပပေးခြင်းသည်လွန်စွာ ပင် သင့်လျော်သော ရည်ရွယ်ချက် ပါရှိသည့် လုပ်ငန်းစဉ်တစ်ခုဖြစ် ပါကြောင်း၊ ပြိုင်ပွဲဝင်ဓာတ်ပုံများ ကို ဓာတ်ပုံပညာရှင်ကြီးများနှင့် အကဲဖြတ် အဖွဲ့ဝင်များက သတ်မှတ်ထားသော ရည်ရွယ်ချက်၊ စည်ကမ်းချက်များနှင့် အညီ အကဲဖြတ်စိစစ်ပြီး ဆုရဓာတ်ပုံ များအဖြစ် စနစ်တကျရွေးချယ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲတွင် ဆုရဓာတ်ပုံများနှင့် ပြိုင်ပွဲဝင်များ၏ ရိုက်ကူးပုံဖော် ထားသော ဓာတ်ပုံကောင်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနအနေဖြင့် နိုင်ငံ တော်နှင့် ပြည်သူအတွက် အကျိုး ဖြစ်ထွန်းစေမည့် လုပ်ငန်း ဆောင်ရွက်ချက်များတွင် လိုအပ် သလို ဖော်ထုတ်ပြသပေးသွား မည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံပညာ ရှင်၊ ဝါသနာရှင်များအနေဖြင့် မိမိတို့၏လက်ရာ ဓာတ်ပုံများကို ပြည်သူများ ကြည့်ရှုခံစားနိုင်မည် ဖြစ်ရာ ပြိုင်ပွဲဝင်များအနေဖြင့် လည်း တစ်ဖက်တစ်လမ်းမှ နိုင်ငံ တော်အတွက် အကျိုးပြုသူများ အဖြစ် ဂုဏ်ယူနိုင်ကြမည်ဖြစ်ပါ ကြောင်း။
ဝိုင်းဝန်းပံ့ပိုးကူညီ
ယနေ့ကျင်းပသော “ကိုဗစ်-၁၉ ကပ်ရောဂါ လက်တွဲညီညာ တိုက်ဖျက်ပါ” နှင့် “ကိုဗစ်-၁၉ ကာကွယ်ရေး ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်ဖြင့်ပြုလုပ် သည့် ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဝိုင်းဝန်းကူညီ ပေးခဲ့ကြသည့် ဓာတ်ပုံ ပညာရှင်ကြီးများနှင့် အကဲဖြတ်အဖွဲ့ဝင်များ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ နောင်ကျင်းပမည့်ပွဲများတွင်လည်း ယခုကဲ့သို့ ဝိုင်းဝန်းပံ့ပိုးကူညီပေး ရန် မေတ္တာရပ်ခံပါကြောင်းနှင့် ဓာတ်ပုံပညာရှင်နှင့် ဝါသနာရှင် များအနေဖြင့် နောင်ဆက်လက် ကျင်းပမည့် ပြိုင်ပွဲများတွင်လည်း
m စာမျက်နှာ ၄ မှ
ယခုထက် ပိုမိုအနှစ်သာရပြည့်ဝသော ဓာတ်ပုံများနှင့် နိုင်ငံအကျိုးပြု ဓာတ်ပုံများကို ရိုက်ကူးပုံဖော် ပါဝင် ယှဉ်ပြိုင်ကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ထိခိုက်မှုကြီးမားခဲ့
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ တတိယ လှိုင်းကြောင့် ရန်ကုန်မြို့၌ ထိခိုက်မှု ကြီးမားခဲ့ပါကြောင်း၊ ယင်းအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် ဆေးကုသ ရန်အတွက် ခုတင်တစ်လုံးရရှိရန်ပင် ခက်ခဲခဲ့ပါကြောင်း၊ သို့ရာတွင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အနေဖြင့် တစ်ဦးနှင့်တစ်ဦး မေတ္တာ ထားကာ ဆေးဝါးနှင့် အထောက်အကူ ပစ္စည်းများ မျှဝေပေးခဲ့ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကို မိမိတို့အနေဖြင့် အချိန်မီ ထိန်းချုပ် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ယခုဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇသစ်သည် ကူးစက်မှု မြန်ဆန်သည့်အတွက် ပြည်သူများ အထူးဂရုစိုက်ရန် သတိပေးလိုပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းကာလတွင် ရန်ကုန်တိုင်းဒေသ ကြီး၌ တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးကို ဦးစွာဆောင်ရွက်ခဲ့ ရပါကြောင်း၊ သို့မှသာ ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေမည်ဖြစ်ပါ ကြောင်း၊ ရန်ကုန်မြို့တွင် လူဦးရေ သိပ်သည်းမှု များပြားသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရသည့် ပမာဏ များပြားပါကြောင်း၊ အထူး သဖြင့် ကိုဗစ်ရောဂါဖြစ်ပွားမှုကာလ တွင် ပြည်သူများ၏ ကျန်းမာရေး အတွက် စွန့်စားဆောင်ရွက်ခဲ့ကြသည့် ပရဟိတသူရဲကောင်းများ၊ စေတနာရှင် ပြည်သူများ၏ လုပ်ဆောင်ခဲ့မှုများကို အသိအမှတ်ပြု မှတ်တမ်းတင်ရမည် ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဇွန်လမှ ဩဂုတ်လထိကာလသည် ကူးစက်မှု အများဆုံး ဖြစ်ခဲ့ပါကြောင်း။
ရန်ကုန် တိုင်းဒေသကြီးတွင် လူဦးရေ ၇ ဒသမ ၈ သန်းခန့်ရှိပြီး ကုသရေးစင်တာ ၁၇ ခု ဖွင့်လှစ်ထားရှိ ပါကြောင်း၊ သံဃာတော်များနှင့် သီလရှင်များအား တပ်မတော် ဆေးတပ်ဖွဲ့၏ အကူအညီဖြင့် ဆေးကုသမှုလုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို အချိန်တိုအတွင်း ကာကွယ်ထိန်းချုပ် နိုင်ခဲ့သည့် အဓိကအကြောင်းရင်းများ မှာ ပြည်သူများ၏ ပူးပေါင်းကူညီမှု မြင့်မားခဲ့ခြင်းနှင့် ကာကွယ်ဆေးများ အချိန်မီ ထိုးနှံဆောင်ရွက်ပေးနိုင်ခဲ့ ခြင်းတို့ကြောင့် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်ဆုရဓာတ်ပုံ များ ရွေးချယ်မှုနှင့်ပတ်သက်၍ ဆုရွေးချယ်စိစစ်ရေးဥက္ကဋ္ဌ ဒါရိုက်တာ ပန်းချီစိုးမိုးက ပြိုင်ပွဲဝင်ဓာတ်ပုံများ အပေါ် စိစစ်အကဲဖြတ် ရွေးချယ်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပညာရှင်အဆင့် ဓာတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သူများအား လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက ဝါသနာရှင် အဆင့် ဓာတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သူများအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသ ကြီး လူမှုရေးဝန်ကြီး ဦးအောင်ဝင်း သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေ ချုပ် ဦးဌေးအောင်တို့က အထူးဆုရရှိ သူများအားလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဆုရရှိသူများကိုယ်စား ဆုရရှိသူ ဦးစိုင်းထွန်းနေလှိုင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဆုရရှိသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြ သည်။
သတင်းစဉ်